လီယိုနာဒို ဒီကာပီရို သဘာဝပတ်ဝန်းကျင်အကြောင်း ဆွေးနွေးရန် ပုပ်ရဟန်းမင်းကြီးနှင့် တွေ့ဆုံ

လီယိုနာဒို ဒီကာပီရို သဘာဝပတ်ဝန်းကျင်အကြောင်း ဆွေးနွေးရန် ပုပ်ရဟန်းမင်းကြီးနှင့် တွေ့ဆုံ

နယူးယော့ခ်၊ ဇန်နဝါရီ ၂၉ ။            ။ ဟောလီးဝုဒ်အကျော်အမော် လီယိုနာဒို ဒီကာပီရိုသည် ဇန်နဝါရီ ၂၈ ရက်က ဗာတိကန်မြို့တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နှင့် သဘာဝပတ်ဝန်းကျင် အကြောင်းကို ဆွေးနွေးခဲ့ကြသည်။

ပုပ်ရဟန်းမင်းကြီးက လီယိုနာဒို ကို လက်ခံ တွေ့ဆုံခဲ့ကြောင်း ပြောကြားခဲ့သော်လည်း အသေး စိတ်ကို ပြောကြားခြင်းမရှိပေ။ Vatican ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသသော အပိုင်းတွင်  ပုပ်ရဟန်း မင်းကြီးကို အခစားဝင်သူများက  သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတု ပြောင်းလဲမှုအပေါ် စိုးရမ်ပူပန်မှု များကို ဖော်ပြခဲ့သည်။

လီယိုနာဒိုသည်  Apostolic နန်းတော်တွင် ပုပ်ရဟန်းမင်းကြီးကို အီတလီဘာသာဖြင့် ကျေးဇူး တင်ကြောင်း ပြောကြားခဲ့ပြီး ၁၆ ရာစုက နယ်သာလန် ပန်းချီဆရာ Hieronymus Bosch ၏ ပန်းချီစ ာအုပ်ကို လက်ဆောင်ပေးခဲ့သည်။

အဆိုပါ ပန်းချီက  အတိတ်၊ ပစ္စုပန် ၊ အနာဂတ် သဘာဝပတ်ဝန်းကျင်နှင့် ကမ္ဘာကြီးပူနွေးလာ မှု အကျိုးသက်ရောက်မှုကို ဖော်ပြသည်ဟု ၎င်းယူဆကြောင်း လီယိုနာဒိုက ပြောကြားခဲ့သည်။ “ကလေးဘဝတုန်းက ဒီဆိုလိုရင်းအားလုံးကို ကျွန်တော် နားမလည်ခဲ့ဘူး။ ဒါဟာ ကမ္ဘာကြီးကို ကိုယ်စားပြုတယ်လို့ ကလေးဘဝက မြင်ခဲ့တယ်” ဟု လီယိုနာဒိုက  ပုပ်ရဟန်းမင်းကြီးကို ပြောကြား ခဲ့သည်။

ထို့နောက် လီယိုနာဒိုက ချို့တဲ့သူများ ကူညီရေးလုပ်ငန်းများအတွက် ချက်လက်မှတ်တစ် စောင်ကို လှူဒါန်းခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်က အသက် ၄၁ နှစ်ရှိ အော်စကာ ဆန်ခါတင် စာရင်းဝင် လီယိုနာဒိုသည် ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် ကျင်းပပြုလုပ်သော ၂၂ ကြိမ်မြောက် Crystal Awards ဆုပေးပွဲတွင် ၎င်း၏ ဖောင်ဒေးရှင်းက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စီမံကိန်းများကို ထောက်ပံ့ပေးသည့်အတွက် Crystal Award ဆုကို ရရှိခဲ့သည်။

ပုပ်ရဟန်းမင်းကြီးသည် ပြီးခဲ့သည့်နှစ်က သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးနှင့် စပ်လျဉ်း၍ ဘရင်ဂျီဂိုဏ်းချုပ် ဘုန်းတော်ကြီးများထံ ဖြန့်ဝေသည့်စာဟု လူသိများသော ကက်သလစ်ဘုရား ကျောင်း၏ အဓိက အစီရင်ခံစာတစ်စောင်ကို ရေးသားခဲ့သည်။ ယင်းအစီရင်ခံစာတွင် ကမ္ဘာကြီး ပူနွေး မှုအကျိုးဆက်ကြောင့် ပျက်စီးနေသော ကမ္ဘာကြီးကို ကယ်တင်ဖို့ အချိန်ရောက်ပြီဖြစ်ကြောင်း   ရေးသားထားသည်။ ပုပ်ရဟန်းမင်းကြီးက ဘရင်ဂျီဂိုဏ်းချုပ် ဘုန်းတော်ကြီးများထံ ဖြန့်ဝေခဲ့သည့်စာ မိတ္တူကို လီယိုနာဒိုကို ပေးခဲ့ပြီး ၎င်းအတွက် ဆုတောင်းပေးရန် ပြေကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required