ဟူနန်ရုပ်သံ တရုတ်နှစ်သစ်ကူး အထူးအစီအစဉ်တွင် ပါဝင် ဖျော်ဖြေသွားမယ့် IU

ဟူနန်ရုပ်သံ တရုတ်နှစ်သစ်ကူး အထူးအစီအစဉ်တွင် ပါဝင် ဖျော်ဖြေသွားမယ့် IU

ဆိုးလ်၊ ဇန်နဝါရီ ၂၈ ။        ။ တောင်ကိုရီးယား အဆိုတော် IU သည် ဟူနန် ရုပ်မြင်သံကြား၏ ဖေဖော်ဝါရီ ၂ ရက်တွင် ကျင်းပပြုလုပ်မည့် တရုတ်နှစ်သစ်ကူး တိုက်ရိုက်ထုတ်လွှင့်မှု အစီစဉ်တွင် ပါဝင်ဖျော်ဖြေသွားမည် ဖြစ်ကြောင်း ကိုယ်စားလှယ်က ကိုရီးယား မီဒီယာတစ်ခုကို ဇန်နဝါရီ ၂၇ ရက်တွင် ပြောကြားခဲ့သည်။

ဟူနန် ရုပ်မြင်သံကြားသည် တရုတ်နိုင်ငံ၏ အဓိက ရုပ်မြင်သံကြား ထုတ်လွှင့်သည့် ဌာနများ အနက် တစ်ခုအပါအဝင်ဖြစ်ပြီး “Runnign Man” ၊ “Dad Where Are We Going?” နှင့် “I Am a Singer” ကဲ့သို့သော အောင်မြင်မှုရရှိထားသော ကိုရီးယားအစီစဉ်မျိုး ရိုက်ကူးထုတ်လွှင့်သည်။

တရုတ်နှစ်သစ်ကူး အထူးအစီစဉ်ကိုလည်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး Jang Baek Ji ၊ Tian Liang နှင့် Zhang Jie အနုပညာရှင်များ ပါဝင်မည်ဖြစ်သည်။ တရုတ်နိုင်ငံရှိ ရုပ်မြင်သံကြား ဌာနများသည် ယင်းနေ့တွင် အလားတူ အစီစဉ်များကို ထုတ်လွှင့်ပေးသွားမည် ဖြစ်သည်။

IU သည် တရုတ်နှစ်ကူး အထူးအစီစဉ်တွင် ပါဝင်သွားမည်ဖြစ်ပြီး တရုတ်နှစ်ကူးကို ပါဝင်ဆင် နွှဲရန်  မိသားစုနှင့်အတူ ကိုရီးယားနိုင်ငံသို့ ပြန်လာမည်ဖြစ်ကြောင်း IU ၏ အေဂျင်စီက  အတည်ပြု ပြောကြား ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required