ဒါရိုက်တာ ဝူဒီအဲလန် ရိုက်ကူးသော ဇာတ်လမ်းတွဲတွင် မိုင်လေဆိုင်းရက်စ် ပါဝင် သရုပ်ဆောင်သွားမည်

ဒါရိုက်တာ ဝူဒီအဲလန် ရိုက်ကူးသော ဇာတ်လမ်းတွဲတွင် မိုင်လေဆိုင်းရက်စ် ပါဝင် သရုပ်ဆောင်သွားမည်

နယူးယော့ခ်၊ ဇန်နဝါရီ ၂၇ ။             ။ ပေါ့ကြယ်ပွင့် မိုင်လေဆိုင်းရက်စ်သည် ဒါရိုက်တာ ဝူဒီအဲလန်၏ ပထမဆုံး ရုပ်မြင်သံကြား ဇာတ်လမ်းတွဲတွင် ပါဝင် သရုပ်ဆာင်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၆ ရက်က  Instagram အကောင့်တွင် အတည်ပြု ပြောကြားခဲ့သည်။

ယင်းဇာတ်လမ်းတွဲသည် ၁၉၆၀ ပြည့်လွန်နှစ်ကို အခြေခံကာ ရိုက်ကူးသွားမည့် ဇာတ်ကား ဖြစ်ပြီး ယခုအချိန်ထိ ဇာတ်ကားနာမည် မပေးရသေးကြောင်း သိရသည်။ ဆိုင်းရက်စ်က  ခြောက်နာ ရီခွဲကျော် ကြာမြင့်မည့် အဆိုပါ ဇာတ်လမ်းတွဲတွင် အဲလန်နှင့် အီလိန်းမေတို့နှင့်အတူ ပါဝင် သရုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဇာတ်လမ်းတွဲကို မတ်လတွင် စတင် ရိုက်ကူးသွားမည် ဖြစ်ကြောင်းနှင့် ယခုနှစ်နှောင်းပိုင်းတွင် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နှင့် ဂျာမနီတို့ရှိ Amazon Prime လပေးမှာယူကြည့်ရှုသူများ ကြည့်ရှုနိုင် မည်ဖြစ်ကြောင်း Deadline သတင်းဌာနက ပြောကြားသည်။

Amazon ကုမ္ပဏီသည် ယင်းဇာတ်ကားကို ရိုက်ကူးရန် ပြီးခဲ့သည့်နှစ်က ဒါရိုက်တာ အဲလန်နှင့် လက်မှတ်ရေးထိုးခဲ့ကြောင်း ကြေညာခဲ့သည်။ “ဒါရိုက်တာ အဲလန်နဲ့ အလုပ်လုပ်ရမှာ ဂုဏ်ယူပါတယ်” ဟု Amazon Studio ဒုဥက္ကဋ္ဌ ရိုပရိုက်စ်က ထုတ်ပြန်ကြေညာစဉ် ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required