သမ္မတဟောင်းလုံခြံုရေးဆိုင်ရာဥပဒေကြမ်းကို ပြည်သူ ့လွှတ်တော်အတည်ပြုချက်များအတိုင်း အတည်ပြုရန် ဥပဒေကြမ်းကော်မတီ တင်ပြ

သမ္မတဟောင်းလုံခြံုရေးဆိုင်ရာဥပဒေကြမ်းကို ပြည်သူ ့လွှတ်တော်အတည်ပြုချက်များအတိုင်း အတည်ပြုရန် ဥပဒေကြမ်းကော်မတီ တင်ပြ

နေပြည်တော်၊ဇန်နဝါရီ ၂၇ ။          ။ လွှတ်တော်နှစ်ရပ်သဘောထားကွဲလွဲသော ပြည်ထဲရေးဝန်ကြီးဌာနက တင်သွင်းခဲ့သည့် နိုင်ငံတော်သမ္မတာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်း အပေါ် သဘောထားကွဲလွဲချက် (၁၁) ချက်အားလုံးကို ပြည်သူ့လွှတ်တော်၏အတည်ပြုချက်များ အတိုင်းသာ အတည်ပြုသင့်ကြောင်း ဥပဒေကြမ်းကော်မတီက တင်ပြခဲ့သည်။

ယင်းဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်တွင် ပြင်ဆင်ချက်များဖြင့် အတည်ပြုခဲ့ပြီး ဒီဇင်ဘာ ၃၁ ရက်နေ့တွင် အမျိုးသားလွှတ်တော်သို့ပေးပို့ခဲ့ပြီးနောက် အမျိုးသားလွှတ်တော်က   ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ဖြည့်စွက်ချက်များကို ထပ်မံ၍ ပြင်ဆင်ကာ သဘောတူခဲ့သည်။

အမျိုးသားလွှတ်တော် အတည်ပြုကာ သဘောတူညီခဲ့သည့် ယင်းပြင်ဆင်ချက်များအပေါ် ပြည်သူ့လွှတ်တော်က သဘောမတူသည့် အတွက် လွှတ်တော်နှစ်ရပ်သဘောထားကွဲလွဲနေသည့် အချက်များကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်မည်ဖြစ်သည်။

ယင်းဥပေဒကြမ်းအပေါ် သဘောထားကွဲလွဲမှုရှိနေခြင်းကို ပြည်ထောင်စုလွှတ်တော်တွင်ဆွေးနွေးဆုံးဖြတ်နိုင်ရန် ပြည်ထောင်စုလွှတ်တော် နာယက က ဥပဒေကြမ်းပူးပေါင်းကော်မတီသို့ တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

လွှတ်တော်သက်တမ်းမကုန်ဆုံးမီ ရက်ပိုင်းအလိုတွင် နာယက၏တာဝန်ပေးမှုအရ ဥပဒေကြမ်းပူးပေါင်းကော်မတီ က သဘောထားကွဲလွဲချက်များအပေါ် အစည်းအဝေးပြုလုပ်ခဲ့ကာ   ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့သည့်လေ့လာတွေ့ရှိချက် နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ အပေါ် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များက ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ကျင်းပမည့် လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးကြမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly