Super Junior အဖွဲ့ဝင် ချိုရှီဝမ်း ရဲတပ်ဖွဲ့ကြော်ငြာတွင် ပါဝင် သရုပ်ဆောင်

Super Junior အဖွဲ့ဝင် ချိုရှီဝမ်း ရဲတပ်ဖွဲ့ကြော်ငြာတွင် ပါဝင် သရုပ်ဆောင်

ဆိုးလ်၊ ဇန်နဝါရီ ၂၆ ။         ။ Super Junior အဖွဲ့ဝင် ချိုရှီဝမ်းသည် မကြာသေးမီက ၎င်းပါဝင်သရုပ်ဆောင်ထားသော ရဲတပ်ဖွဲ့ကြော်ငြာဖြင့် ပရိတ်သတ်များ အာရုံထားမှုကို ဆွဲဆောင်လျက်ရှိသည်။

ဇန်နဝါရီ ၂၃ ရက်က  ဆိုးလ်မြို့ရဲတပ်ဖွဲ့သည် ၎င်းတို့၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်တွင် “ Kind Call 112 Project” တွင် ချိုပါဝင်သရုပ်ဆောင်ထားသော ဓာတ်ပုံများကို မိတ်ဆက်ခဲ့သည်။

ယင်းဓာတ် ပုံထဲတွင် ချိုရှီဝမ်းကို ဆိုင်းဘုတ်တစ်ခုကို ကိုင်ထားပြီး ရဲတပ်ဖွဲ့ဝတ်စုံ ဝတ်ဆင်ထားသည်ကို တွေ့မြင် ရသည်။ ချိုရှီဝမ်း ညှပ်ထားသော ဆံပင်တိုပုံစံနှင့် ဖော်ရွေသော အပြုံးတို့ကို ၎င်း၏ ပရိတ်သတ်များ၏ နှလုံးသားများ အရည်ပျော်သွားစေရန် လုံလောက်သည်။

ဖေ့စ်ဘွတ်ခ်ပေါ်တွင်  ဖော်ပြထားသော ပထမဆုံးအကြောင်းအရာတွင် “ ချိုက ကလေးသူ ငယ် နှိပ်စက်ငြင်းပန်းမှုကို ကာကွယ်ရေးနဲ့ပတ်သက်လို့ ပြောပြထားတယ်။ ကျွန်တော်တို့နဲ့အတူ ဟီရိုး မဖြစ်ချင်ဘူးလား” ဟု ပြောကြားထားသည် တွေ့ရသည်။

ချိုရှီဝမ်းသည် တောင်ပိုင်း  Chungcheong ပြည်နယ် နန်ဆန်ဒေသရှိ စစ်သင်တန်းကျောင်း တွင် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက စစ်မှုထမ်းတာဝန်များ စတင်ထမ်းဆောင်ခဲ့သည်။ ချိုရှီဝမ်း  စစ်မှု ထမ်းတာဝန်များ ထမ်းဆောင်နေသည်မှာ ၁၂ လကြာပြီဖြစ်ပြီး ၂၀၁၇ ခုနှစ် သြဂုတ် ၁၈ ရက်တွင် သင်တန်းဆင်းမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly