အသင်းအပေါ်အိုဇေးလ်၏ လွှမ်းမိုးမှုကို ဘားကင့်ပ်နှင့် အာစင်းဂါးနှိုင်းယှဉ်

အသင်းအပေါ်အိုဇေးလ်၏ လွှမ်းမိုးမှုကို ဘားကင့်ပ်နှင့် အာစင်းဂါးနှိုင်းယှဉ်

ဇန်နဝါရီ ၂၄၊ လန်ဒန် ။         ။ အသင်းအပေါ်အိုဇေးလ်၏ လွှမ်းမိုးနိုင်စွမ်းမှာ ဂန္ထဝင်ကစားသမား ဒင်းနစ်ဘားကင့်ပ်နှင့်အတူတူပင်ဖြစ်သည်ဟု အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ချီးကျူးလိုက်သည်။

ဂျာမနီကွင်းလယ်ကစားသမားသည် ယခုနှစ်ဘောလုံးရာသီတွင် ခြေစွမ်းပြကစားနေပြီး ပရီးမီးယားလိဂ်ပွဲ ၂၀ ကစားပြီးချိန်တွင် သုံးဂိုးသွင်း နိုင်သည့်အပြင် ၁၆ ဂိုးလည်းဖန်တီးထားသည်။

သို့ဖြစ်ရာ အာစင်ဝင်းဂါးက အာဆင်နယ်အသင်းတွင် ၁၁ နှစ်ကြာကစားခဲ့သော နယ်သာလန်တိုက်စစ်မှူး ဘားကင့်ပ်နှင့် နှိုင်းယှဉ်ချီးကျူးခဲ့ ခြင်းဖြစ်သည်။

"သူက ဘားကင့်ပ်နဲ့တူတယ်။ စကားသပ်အများကြီးမပြောတတ်ပေမယ့် လိုချင်တာကိုတည့်တည့်ပြောနိုင်သူပါ။ လွှမ်းမိုးနိုင်စွမ်းလည်းရှိတယ်။ ခင်ဗျားတို့သိတဲ့အတိုင်း သူက ပျော်ပျော်နေတတ် သူတော့မဟုတ်ဘူး။

ဒါပေမဲ့ အောင်မြင်တဲ့ကစားသမားဘဝကိုတော့ ရထားတယ်။ သူ့အသင်းဖော်တွေကလည်းသူ့ကိုလိုအပ်တယ်။ မာတီဆက်ကာလည်း အဲဒီလို လေးစားခံရသူတစ်ယောက်ပဲ။ အဝတ်လဲခန်းထဲမှာ   လေးစားခံရတဲ့ခေါင်းဆောင်တစ်ယောက်ပဲ။

အာရုံစိုက်ထားနိုင်ပြီး လိုချင်တာကို ကောင်း ကောင်းလုပ်နိုင်တယ်။ အသင်းကိုကူညီနိုင်တဲ့ ကစားသမားတွေထဲကတစ်ယောက်ပါ။ အတွေ့အကြုံတွေကအထောက်အကူဖြစ်သလို ကျွန်တော်တို့ရဲ့           ခြေစွမ်းအရည်အသွေးကလည်း အထောက်အကူဖြစ်ပါတယ်"ဟု အာစင်ဝင်းဂါးက ပြောသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly