ဖခင်ဖြစ်သွားပြီဖြစ်တဲ့ One Direction အဖွဲ့ဝင် လူးဝစ်တွမ်လင်ဆန်

ဖခင်ဖြစ်သွားပြီဖြစ်တဲ့ One Direction အဖွဲ့ဝင် လူးဝစ်တွမ်လင်ဆန်

လော့စ်အိန်ဂျလိစ်၊ ဇန်နဝါရီ ၂၃ ။             ။ One Direction အဖွဲ့ဝင် လူးဝစ်တွမ်လင်ဆန်နှင့် ရည်းစားဟောင်း ဘရီအာနာဂျန်ဝစ်တို့သည် ဇန်နဝါရီ ၂၁ ရက်က လော့စ်အိန်ဂျလိစ်မြို့တွင်  ၎င်းတို့၏ သားဦးလေးကို ကြိုဆိုခဲ့ကြကြောင်း  ဂျန်ဝစ်နှင့် ရင်းနှီးသော အရင်းအမြစ်တစ်ခုက PEOPLE မဂ္ဂဇင်းကို ပြောကြားခဲ့သည်။

အသက် ၂၄ နှစ်အရွယ်ရှိ လူးဝစ်သည် ဆံပင်အလှဖန်တီးရှင် ဂျန်ဝစ်နှင့် ပထမဆုံး ရင်သွေး လေးကို မျှော်မှန်းထားကြောင်း ပြီးခဲ့သည့်နှစ် ဇူလိုင်လထုတ် PEOPLE  မဂ္ဂဇင်းတွင် ဖော်ပြခဲ့ဖူးသည်။

“လူးဝစ်ဟာ ဖခင်တစ်ယောက် ဖြစ်လာတဲ့အတွက် အရမ်းကို စိတ်လှုပ်ရှားပြီး ပျော်ရွှင်နေပါ တယ်။ လူးဝစ်က ဂျန်ဝစ်ကို အံ့သြဖွယ်ကောင်းတဲ့ မိခင်တစ်ယောက်တယ်လို့ တွေးထင်တယ်” ဟု ၎င်းတို့နှစ်ဦးလုံး၏ သူငယ်ချင်းဖြစ်သူက PEOPLE မဂ္ဂဇင်းကို ပြောကြားခဲ့သည်။

“ပထမတော့ အရမ်းကို အံ့သြခဲ့တယ်။ ဒါပေမဲ့ လူးဝစ်နဲ့ ဂျန်ဝစ်တို့ဟာ အရမ်းကို ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်တယ်။ ဒီရင်းနှီးမှုကပဲ သူတို့နှစ်ဦးကို ပိုပြီး နီးစပ်စေတာဖြစ်တယ်” ဟု ၎င်းက ပြောကြားသည်။

လူးဝစ်သည် ပြီးခဲ့သည့်နှစ် မတ်လက အချိန်အကြာကြီး တွဲလာသည့် ချစ်သူ အီလန်နာကာ လ်ဒါနှင့် လမ်းခွဲခဲ့ပြီးနောက် မေလက ဂျန်ဝစ်နှင့်  ခေတ္တခဏတွဲခဲ့ခြင်း ဖြစ်သည်။ ယင်းနောက်ပိုင်းတွင် လူးဝစ်သည်  သရုပ်ဆောင်မင်းသမီး ဒန်နီရဲလ်ကမ်ဘဲလ်နှင့် တွဲနေသည်ဟု သတင်းများ ထွက်ပေါ်ခဲ့ သည်။ လူးဝစ်၏ ကိုယ်စားလှယ်က ယင်းသတင်းနှင် စပ်လျဉ်း၍ မှတ်ချက်ပြု ပြောကြားခြင်း မရှိသေး ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly