မဇ္စျိမရဲ့ အလှဆုံးပွဲကဏ္ဍ(အာဆင်နယ်-ချယ်လ်ဆီး)

23 January 2016
မဇ္စျိမရဲ့ အလှဆုံးပွဲကဏ္ဍ(အာဆင်နယ်-ချယ်လ်ဆီး)

ဒီတစ်ပတ် မဇ္ဈိမရဲ့အလှဆုံးပွဲကဏ္ဍမှာ ပရီးမီးယားလိဂ်ပွဲစဉ်(၂၃) ပွဲစဉ်တစ်ပွဲဖြစ်တဲ့ အာဆင်နယ်-ချယ်လ်ဆီးပွဲစဉ်ကို သုံးသပ်ဖော်ပြပေးမှာဖြစ်ပါတယ်။

အာဆင်နယ်-ချယ်လ်ဆီး

(၂၄-၁-၂၀၁၆ တနင်္ဂနွေည ၁၀း၃၀)

ထိပ်တိုက်တွေ့ဆုံမှု

၁၉-၉-၁၅ (ပရီးမီးယားလိဂ်)             ချယ်လ်ဆီး ၂-၀ အာဆင်နယ်

၂-၈-၁၅ (ကွန်မြူနတီ)                    အာဆင်နယ် ၁-၀ ချယ်လ်ဆီး

၂၆-၄-၁၅ (ပရီးမီးယားလိဂ်)             အာဆင်နယ် ဝ-၀ ချယ်လ်ဆီး

အာဆင်နယ်

လက်ရှိအချိန်မှာ အာဆင်နယ်က အဆင့် ၁ နေရာကိုရောက်နေတယ်။ ဒါပေမဲ့ ၂ နေရာက လက်စတာနဲ့အမှတ်တူနေတယ်။ နောက်ပြီး ၃ နေရာက မန်စီးတီးနဲ့တစ်မှတ်ပဲကွာတယ်။ ဒါကြောင့်ဖိအားတွေအောက်ရောက်နေတယ်။ နောက်ဆုံးနှစ်ပွဲဆက်တိုက်သရေကျခဲ့တဲ့ အကျိုးရလဒ်ကို ခံစားနေရတာ။ ဒါကြောင့်အာဆင်နယ်အနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုရချင်တယ်ဆိုရင်တော့ အိမ်ကွင်းပွဲစဉ်တွေကို လုံးဝ အမှားခံလို့ မရတော့ဘူး။ ကုန်ကုန်ပြောရရင်တော့ပွဲတိုင်း အမှားခံလို့မရတော့တဲ့တာပေါ့။ အရင်ဆုံးဆွေးနွေးချင်တာက အာဆင်နယ်ရဲ့ အိမ်ကွင်းရလဒ်တွေပေါ့။ အိမ်ကွင်းမှာ လက်ရှိ ၁၀ ပွဲကစားပြီးချိန်မှာ ခုနစ်ပွဲနိုင်၊ နှစ်ပွဲသရေ၊ တစ်ပွဲရှုံး။ ရှုံးခဲ့တာက ဝက်စ်ဟမ်းကို ရာသီအစ ပထမဆုံးပွဲမှာ ရှုံးခဲ့တယ်။ နောက်ပိုင်းပွဲစဉ်တွေမှာ တောက်လျှောက်ရလဒ်ကောင်းခဲ့တယ်။ ပရီးမီးယားလိဂ်မှာ မန်စီးတီးပြီးရင် အိမ်ကွင်းရလဒ် အကောင်းဆုံးအသင်းတစ်သင်းလို့ ပြောလို့ရနိုင်တယ်။

ပြီးတော့ အာဆင်နယ်မှာဆိုရင် အခုလာမယ့်ပွဲမှာတော့ ဆန်းချက်ဇ်၊ အိုဇေးလ်စတဲ့ ဒဏ်ရာရနေတဲ့ကွင်းလယ်ကစားသမားကောင်းတွေ ပြန်ပါ နိုင်မယ့်အနေအထားမျိုးရှိနေတယ်။ အာဆင်နယ်ကအိမ်ကွင်းမှာလည်းဖြစ်တော့ တစ်ခြမ်းကြီးအသာရနေတဲ့ပုံစံမျိုးလည်းပေါက်နေတယ်။

ချယ်လ်ဆီး

လက်ရှိချယ်လ်ဆီးကတော့ ဝေဖန်မှုတွေအောက်ရောက်နေတယ်။ ဖိအားတွေအောက်ရောက်နေတယ်။ ယာယီနည်းပြဟစ်ဒင့်ကတော့ သူ့လက်ထက်မှာ အကောင်းဆုံးကြိုးစားပေးထားတယ်။ ဒါပေမဲ့ ချယ်လ်ဆီးကစားသမားတွေစိတ်ဓါတ်ပိုင်းကတော့ လုံးဝယိုယွင်းနေတယ်။ အကောင်းဆုံးပုံစံပြန်ရဖို့ကတော့ မလွယ်တော့ဘူး။ လက်ရှိအနေအထားအရတော့ ဥရောပဝင်ခွင့်တစ်နေရာတောင် မျှော်မှန်းဖို့အတွက် သူတို့အနေနဲ့ အတော်ခက်ခဲနေတဲ့ပုံစံမျိုးတော့တွေ့နေရတယ်။ အဓိကပြောချင်တာက ပရီးမီးယားလိဂ်မှာ အဝေးကွင်းရလဒ်တော်တော်လေး ညံ့ဖျင်းနေတာပါ။

ချန်ပီယံအသင်းတစ်သင်းအနေနဲ့လုံးဝလက်ခံလို့မရတဲ့ အနေအထားပေါ့။ လက်ရှိမှာ ပရီးမီးယားလိဂ်အဝေးကွင်းနှစ်ပွဲပဲအနိုင်ရထားတယ်။ တော်တော်ဆိုးရွားတဲ့အနေအထားပေါ့။ သုံးပွဲသရေကျတယ်။ ငါးပွဲရှုံးထားတယ်။ ချယ်လ်ဆီးအနေနဲ့က အဝေးကွင်းပွဲတွေမှာ ရုန်းကန်နေရ တယ်ဆိုတာ ပေါ်နေတယ်။ နောက်တစ်ချက်က ဟစ်ဒင့်။ ဟစ်ဒင့်ကိုင်တဲ့လက်ထက်မှာတော့ ချယ်လ်ဆီးကရှုံးပွဲမရှိသေးဘူး။ သို့သော် သူတို့အနေနဲ့က သရေပွဲတွေလည်း အရမ်းများနေတယ်။ အမြဲတမ်းလည်းရုန်းကန်နေရတယ်။ နောက်တစ်ချက်က ဒီပွဲမှာ ပရီးမီးယားလိဂ် ခုနစ်ဂိုးသွင်းထားတဲ့ ဒီယေဂိုကော်စတာပါဖို့ မသေချာဘူး။ ဒါကြောင့် ဒီယေဂိုကော်စတာမပါဘူးဆိုရင် ချယ်လ်ဆီးတိုက်စစ်က လုံးဝဂိုးရဖို့ မရှိတဲ့အနေအထားလို့ ပြောလို့ရတယ်။ နောက်တစ်ချက်ရှိသေးတာက ချယ်လ်ဆီးနောက်ပိုင်းပွဲစဉ်တွေမှာသုံးခဲ့တာက အသင်းကြီးတွေကို အဝေးကွင်းမှာဆိုရင် သရေခံကစားတဲ့ဖော်မြူလာတစ်ခုရှိတယ်။ အဲဒါကတော့ တိုက်စစ်မှူးမပါတဲ့ကစားကွက်ပေါ့။ ဒီဗျူဟာနဲ့ အဝေးကွင်းမှာ စပါး၊ မန်ယူတို့ကို ဂိုးမရှိသရေကစားထားတယ်။ အခုပွဲမှာလဲ ကော်စတာမပါဘူးဆိုတော့ သေချာတယ်။ သူတို့ဒီပွဲမှာ တိုက်စစ်မှူးမပါတဲ့ ကစားကွက်နဲ့ အာဆင်နယ်ကိုသရေခံကစားမယ်လို့တော့ မျှော်လင့်ရတယ်။

ထိပ်တိုက်တွေ့ဆုံမှုတွေကတော့ ဒီရာသီပထမအကျော့မှာ ချယ်လ်ဆီးက အိမ်ကွင်းမှာ ၂-၀ နဲ့ အာဆင်နယ်ကိုနိုင်တယ်။ ဒါပေမဲ့ ဒီရာသီ ကွန်မြူနတီဒိုင်းပြိုင်ပွဲမှာတော့ အာဆင်နယ်က ချယ်လ်ဆီးကို ၁-၀ နဲ့အနိုင်ရထားတယ်။ ပြီးခဲ့တဲ့ရာသီ ၂၀၁၄-၁၅ အာဆင်နယ်ကွင်းမှာတော့ ဂိုးမရှိသရေကျထားတယ်။ နောက်ပိုင်းပရီးမီးယားလိဂ်ပြိုင်ပွဲတွေမှာ ချယ်လ်ဆီးက အာဆင်နယ်အပေါ်အသာရနေတဲ့သဘောတွေတွေ့ရတယ်။

သုံးသပ်ချက်

လက်ရှိအနေအထားမှာ အာဆင်နယ်က ဒဏ်ရာရနေတဲ့ကစားသမားတွေလည်း ပြန်ပါနိုင်မှာဖြစ်သလို ခြေစွမ်းပိုင်းကလည်း ချယ်လ်ဆီးထက် အများကြီးအသာရနေတယ်။ ချယ်လ်ဆီးကတော့ လက်ရှိအနေအထားကတော့ ရုန်းကန်နေရဆဲပဲ။ သူ့အနေနဲ့ အမ်းမရိတ်စ်ကိုလာမယ့် ရည်ရွယ်ချက်ကတော့ရှင်းတယ်။ တစ်မှတ်ရဖို့ပဲ။ ဒါပေမဲ့ အာဆင်နယ်ကတော့ လုံးဝအိမ်ကွင်းမှာ အမှားခံလို့မရဘူး။ အမှတ်ပြည့်ယူမယ့် အနေအထားမျိုးဖြစ်နေတယ်။ ဒါကြောင့် စိတ်ဓါတ်ပိုင်းအရလည်း အာဆင်နယ်ကပိုသာနေတယ်။ ဒါကြောင့်အာဆင်နယ်အနိုင်ရမယ်လို့ ခန့်မှန်းချင်တယ်။ ဒါပေမဲ့ဂိုးရလဒ်ကတော့ ခုနကပြောသလို ချယ်လ်ဆီးက ခံကန်မှာဖြစ်တဲ့အတွက် ဂိုးတွေတော့အများကြီးသွင်းဖို့လည်း မရှိဘူး။ ပေးဖို့လည်းမရှိဘူး။ အိမ်ရှင်အာဆင်နယ် ၁-၀ နဲ့အနိုင်ရမယ်လို့ ခန့်မှန်းချင်ပါတယ်။

အလှဆုံးပွဲရွေးချယ်မှု အာဆင်နယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required