ဟက်ဇက်လေ့ကျင့်ခန်း ပြန်ဆင်းပြီ

ဟက်ဇက်လေ့ကျင့်ခန်း ပြန်ဆင်းပြီ
(ဓာတ်ပုံ - အီးပီအေ)

ချယ်လ်ဆီးအသင်း၏ အဓိက တိုက်စစ်ကစားသမား အီဒင်ဟက်ဇက်သည် ဒဏ်ရာမှ ပြန်လည် သက်သာလာပြီဖြစ်ပြီး ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က စတင်ကာ အသင်းနှင့်အတူ လေ့ကျင့်ခန်းပြန်လည် ပြုလုပ်နေပြီ ဖြစ်သည်။

ဟက်ဇက်သည် ဒီဇင်ဘာလ ၁၄ ရက်နေ့က ကစားခဲ့သော လက်စတာအသင်းနှင့်ပွဲစဉ်တွင် တင်ပါးဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ပြီး အနားယူနေခဲ့ရကာ နည်းပြဟစ်ဒင့်၏ အသင်းတွင် ပထမဆုံးအကြိမ် လေ့ကျင့်ခန်း လုပ်နိုင်ခြင်း ဖြစ်သည်။ ဗုဒ္ဓဟူးနေ့မတိုင်မီက ဟက်ဇက်သည် လေ့ကျင့်ရေးကွင်း Cobham တွင် တစ်ဦးတည်း လေ့ကျင့်ခန်းများ ပြုလုပ်နေခဲ့ရသည်။

ယခုအချိန်တွင် အသင်းနှင့်အတူ ပုံမှန်လေ့ကျင့်ခန်းများကို ပြုလုပ်နိုင်ပြီဖြစ်သည့်အတွက် ဟက်ဇက်မှာ ယခုတစ်ပတ်တွင် ရင်ဆိုင်ရမည့် အာဆင်နယ်နှင့်ပွဲစဉ်တွင် ပါဝင်ခွင့်ရရန် မျှော်လင့်လျက်ရှိသည်။ နည်းပြ ဟစ်ဒင့်ကမူ ဟက်ဇက်အနေဖြင့် အာဆင်နယ်နှင့်ပွဲတွင် ပါဝင်လိုပါက ပြင်းထန်သည့် လေ့ကျင့်ရေးအစီအစဉ်များကို ပြုလုပ်ထားနိုင်ရန် လိုအပ်ကြောင်း ပြောဆိုခဲ့သည်။

ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်၏ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့သော ဟက်ဇက်သည် ယခုရာသီတွင် ပုံမှန်ခြေစွမ်းရရန်ပင် ရုန်းကန်ရလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required