မြန်မာ- ဂျပန် ရိုးရာ စျေးရောင်းပွဲ၊ ဖျော်ဖြေပွဲ ပြုလုပ်မည်

မြန်မာ- ဂျပန် ရိုးရာ စျေးရောင်းပွဲ၊ ဖျော်ဖြေပွဲ ပြုလုပ်မည်

ရန်ကုန်၊ ဇန်နဝါရီ ၂၁ ။            ။ မြန်မာ- ဂျပန် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးအသင်း Myanmar- Japan(SEDA) ၏ နှစ်ပတ်လည်အစည်းအဝေးနှင့် မြန်မာ- ဂျပန် ရိုးရာ ဈေးရောင်းပွဲ၊ ဖျော်ဖြေပွဲကို ဇန်နဝါရီ ၃၀ရက်နေ့တွင် မြန်မာကွန်ဗားရှင်းစင်တာ ၌ပြုလုပ်သွားမည် အသင်းဥက္ကဌ ဒေါက်တာမြင့်ဆန်းက ပြောသည်။

ယင်း ဈေးရောင်းပွဲနှင့် ဖျော်ဖြေပွဲတွင် မြန်မာ- ဂျပန် ရိုးရာ ဖျော်ဖြေရေးအစီအစဉ်များ၊ ရိုးရာလက်ဆောင် ပစ္စည်းများ၊ ဂျပန်ထုတ်ကုန်များ၊ ဂျပန်စားသောက်ဆိုင်များ၊ ဂျပန်နှင့်ဆက်စပ်သော လုပ်ငန်းများ အပါအဝင် လုပ်ငန်းပေါင်း ၃၀ ခန့် ပါဝင်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

" ဒီနှစ်ကြတော့ ထူးခြားတာက CEC အမှုဆောင်အဖွဲ့တွေ အပြောင်းအလဲလုပ်မှာ ဖြစ်ပါတယ်။ မနက်ပိုင်းတော့ နှစ်ပတ်လည်အစည်းအဝေးပါ။ အခမ်းအနားအစီအစဉ် ၁၂ ရပ်နဲ့ လုပ်မှာပါ။ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်ကို လည်းဖိတ်ထားပါတယ်။ ဂျပန်သံအမတ်ကြီး အငြိမ်းစားတစ်ယောက်ကိုလည်း ဖိတ်ထားပါတယ်။ အစည်းအဝေးပြီး သွားလို့ နေ့လည်ပိုင်းမှာတော့ မြန်မာ- ဂျပန် ရိုးရာ ဈေးရောင်းပွဲတွေ၊ ဖျော်ဖြေပွဲတွေ ဆက်လုပ်သွားမှာပါ" ဟု မြန်မာ- ဂျပန် လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်ရေးအသင်း Myanmar- Japan(SEDA) ၏ ဥက္ကဌ ဒေါက်တာမြင့်ဆန်းက ပြောသည်။

Myanmar- Japan(SEDA) အသင်းကို ၂၀၁၁၊ အောက်တိုဘာတွင် စတင်တည်ထောင်ခဲ့ပြီး၊ လက်ရှိတွင် မြန်မာ- ဂျပန် စီးပွားရေး၊ လူမှုရေး၊ နည်းပညာပိုင်းဆိုင်ရာ တိုးတက်ပြောင်းလဲမှုများနှင့် လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly