ပိတ်ဆို့မှုများရုပ်သိမ်းပြီးနောက် တောင်ကိုရီးယားက အီရန်နှင့် စီးပွားရေး ဆက်ဆံမှုတိုးမြင့်

ပိတ်ဆို့မှုများရုပ်သိမ်းပြီးနောက် တောင်ကိုရီးယားက အီရန်နှင့် စီးပွားရေး ဆက်ဆံမှုတိုးမြင့်

ဆိုးလ်၊ ဇန်နဝါရီ ၂၁ ။            ။ ယခုသီတင်းပတ်အစောပိုင်းက အီရန်အပေါ်ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုများ ရုပ်သိမ်းပြီးနောက်က အီရန်နှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမြင့်တင်မည်ဟု သိရသည်။

အီရန်နှင့် အမေရိကန်ဒေါ်လာ ၂ ဘီလျံတန် ကုန်သွယ်ရေးအာမခံငွေကြေးထောက်ပံ့မှုစာချုပ်တစ်ခုကို လက်မှတ်ရေးထိုးမည်ဟု တောင်ကိုရီးယား၏ ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဋ္ဌာန၏ ကြေညာချက်တစ်ခုတွင် ဖော်ပြထားသည်။

ထို့အပြင် တောင်ကိုရီးယားသည် ၎င်း၏ စီးပွားရေးဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေ(EDCF)အတွက် လက်ခံနိုင်ငံတစ်ခုဖြစ်ရန် အီရန်၏ ရွေးချယ်ခံနိုင်သည့်အဆင့်ကို ပြန်လည်ပေးအပ်မည်ဟုလည်း သိရသည်။

မော်တော်ကားတပ်ဆင်မှုလုပ်ငန်းများကို အီရန်နှင့် ဖက်စပ်ဆောင်ရွက်ရန်လည်း တောင်ကိုရီးယားက ရည်ရွယ်ထားသည်ဟုလည်း ဝန်ကြီးဋ္ဌာနက ပြောကြားခဲ့သည်။ တောင်ကိုရီးယားနှင့် အီရန်တို့သည် ဖေဖော်ဝါရီလနောက်ပိုင်းတွင် တီဟီရန်၌ အစိုးရအဆင့် တွေ့ဆုံဆွေးနွေးပွဲတစ်ခုလုပ်ရန် စီစဉ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly