လီယိုနာဒို ဒီကာပီရိုနဲ့ ရီဟာနားတို့ ပြန်တွဲခုတ်နေသည်ဟု သတင်းများ ထွက်ပေါ်

လီယိုနာဒို ဒီကာပီရိုနဲ့ ရီဟာနားတို့ ပြန်တွဲခုတ်နေသည်ဟု သတင်းများ ထွက်ပေါ်

နယူးယော့ခ်၊ ဇန်နဝါရီ ၂၀ ။           ။ ဟောလီးဝုဒ် အကျော်အမော် လီယိုနာဒို ဒီကာပီရိုသည် ယခုနှစ် အစောပိုင်းက မော်ဒယ် ကီလီရောဘက်ရှ်နှင့် ခွာပြဲခဲ့ဲပြီေးနာက် ယခုအခါ အဆိုတော် ရီဟားနားနှင့် ပြန်တွဲခုတ်နေသည့် ဆိုသော သတင်းများ ထွက်ပေါ်လျက် ရှိသည်။

လီယိုနာဒိုနှင့် ရီဟားနားတို့နှစ်ဦး တွဲခုတ်နေသည့်ဆိုသော သတင်းသည် ၂၀၁၅ ခုနှစ်အစော ပိုင်းက ပထမဆုံးအကြိမ် ထွက်ပေါ်ခဲ့သော်လည်း ယခုအခါ ၎င်းတို့နှစ်ဦးသည် ပဲရစ်မြို့တွင်  ချစ်ဇာတ် လမ်းကို တစ်ဖန် အသက်သွင်းလျက်ရှိကြောင်း သတင်းအရင်းမြစ်တစ်ခုက US Weekly ကို ပြောကြား ခဲ့သည်။

လီယိုနာဒိုနှင့် ရီဟားနားတို့နှစ်ဦးကို ပဲရစ်မြို့ L’Arc နှိုက်ကလပ်တစ်ခုတွင် အတူတွေ့ရှိခဲ့ပြီး နောက် ၎င်းတို့နှစ်ဦး တွဲနေသည်ဟူသော သတင်းထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

“လီယိုနာဒိုဟာ ပါတီပွဲအတွက် ကလပ်မှာ ရှိနေခဲ့တယ်။ ရီဟားနားဟာ မော်ဒယ်ကာရာ ဒီလီ ဗင်ဂါနဲ့ သီခြားစီ လာခဲ့တယ်။ ရီဟာနားက လီယိုနာဒိုကို ဟိုင်းဟု နှုတ်ဆက်ခဲ့တယ်။ ပြီးတော့ လီယိုနာ ဒိုရဲ့ပါးကို နမ်းခဲ့တယ်။ သူတို့နှစ်ဦးဟာ ခဏတာ စကားပြောခဲ့တယ်” ဟု သတင်းအရင်းမြစ်တစ်ခုက ပြောကြားသည်။

“သူတို့နှစ်ဦးဟာ သူငယ်ချင်းတွေပါ။ သူတို့နှစ်ဦးဟာ ကလပ်ကနေ သီခြားစီ ထွက်ခွာခဲ့ပါ တယ်” ဟု သတင်းအရင်းမြစ်တစ်ခုက ပြောကြားသည်။ လီယိုနာဒိုသည် အော်စကာဆု ဆန်ခါတင်စာရင်းတွင် ပါဝင်သည့် ၎င်းပါဝင် သရုပ်ဆောင် ထားသော The Revenant ဇာတ်ကား ပွဲဦးထွက်ပြသပွဲသို့ တတ်ရောက်ရန် ပြင်သစ်နိုင်ငံသို့ ရောက်ရှိ နေခြင်းဖြစ်ပြီး ရီဟားနားသည် Valerian and the City of a Thousand Planets ဇာတ်ကား ရိုက်ကူး ရေးအတွက် ပဲရစ်မြို့သို့ ရောက်ရှိနေခြင်းဖြစ်ကာ ရီဟားနားသည် ယင်းဇာတ်ကားတွင်  ကာရာဒီလီဗင် ဂါနှင့်အတူ သရုပ်ဆောင်လျက် ရှိသည်။

၂၀၁၅ ခုနှစ် ဇန်နဝါရီလက Playboy အိမ်ကြီးရခိုင်တွင် ပြုလုပ်သော ပါတီပွဲတွင် ရီဟားနားနှင့် လီယိုနာဒိုတို့နှစ်ဦး အနမ်းပေးနေသည်ကို တွေ့ရှိခဲ့ပြီးနောက် ၎င်းတို့နှစ်ဦး တွဲနေသည်ဆိုသော ကောလ ဟာလသတင်းများ ပထမဆုံးအကြိမ် ထွက်ပေါ်ခဲ့သည်။

၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလကလည်း လီယိုနာဒိုသည် ဘီဗာလီဟေးလ်တွင် ကျင်းပပြုလုပ် သော ရီဟားနား၏ အသက် ၂၇ နှစ်ပြည့် မွေးနေ့ပွဲကို  အကူညီပေးခဲ့သည်။ တစ်လကြာပြီးနောက် သတင်းထောက်တစ်ဦးက ၎င်းတို့နှစ်ဦး ဆက်ဆံရေးအကြောင်း ရီဟားနားကို မေးမြန်းခဲ့ရာ  ရီဟား နားက လီယိုနာဒိုနှင့် တွဲနေသည်မှာ မဟုတ်ကြောင်း ငြင်းဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required