ယွန်အန်ဟေးနှင့် ပက်ခ်ရှီဟိုတို့ ပါဝင် သရုပ်ဆောင်ထားသော ဇာတ်ကားသစ် ထုတ်လွှင့်မှု ထပ်မံရွှေ့ဆိုင်း

ယွန်အန်ဟေးနှင့် ပက်ခ်ရှီဟိုတို့ ပါဝင် သရုပ်ဆောင်ထားသော ဇာတ်ကားသစ် ထုတ်လွှင့်မှု ထပ်မံရွှေ့ဆိုင်း

တောင်ကိုရီးယား မင်းသမီး ယွန်အန်ဟေးနှင့် ပက်ခ်ရှီဟိုတို့နှစ်ဦ သရုပ်ဆောင်ထားသော “After Love” ဇာတ်ကား ထုတ်လွှင့်ပြသမှုကို ထပ်မံ ရွှေ့ဆိုင်းခဲ့သည်။

ထုတ်လုပ်သူများသည် မကြာသေးမီက ဇာတ်ကား ထုတ်လွှင့်ပြသမည့်ရက်ကို ပြန်ညှိရန် ဆုံးဖြတ်ခဲ့ကြောင်း အတွင်းလူတစ်ဦးက ပြောကြားသည်။ ယခင်က ယင်းဇာတ်ကားကို ဖေဖော်ဝါရီလ တွင် ရုပ်ရှင်ရုံများ၌ ပြသရန် စီစဉ်ထားသော်လည်း ယခုအခါ  ပွဲဦးထွက်ပြသမှုကို မတ်လအထိ ရွှေ့ဆိုင်းခဲ့ပြီး  ထုတ်လွှင့်ပြသမည့် ရက်အတိအကျကို ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။

“After Love” ဇာတ်ကား ထုတ်လွှင့်ပြသမှုကို ရွှေ့ဆိုင်းမှုသည် ယခုတစ်ကြိမ်နှင့်ဆိုလျှင် ဒုတိမြောက် ရွှေ့ဆိုင်းမှုဖြစ်ပြီး ကနဦးက ၂၀၁၅ ခုနှစ်နှောင်းပိုင်းတွင် ရုပ်ရှင်ရုံများ၌ ပြသရန် စီစဉ်ထားသော်လည်း မကြာသေးမီက ပြသမည့်ရက်ကို ဖေဖော်ဝါရီလသို့ ရွှေ့ဆိုင်းခဲ့သည်။

ထုတ်လွှင့်ပြသမည့်ရက် ရွှေ့ဆိုင်းမှုများသည် ကိုရီးယားနှင့် တရုတ်နိုင်ငံတို့တွင် တစ်ပြိုင်နက် တည်း ပြသရန် ကြိုတင်ပြင်ဆင်မှုများကြောင့် ဖြစ်ပုံရသည်။ တရုတ် အနုပညာဈေးကွက်သည် အထူး သဖြင့် ပြည်ပရုပ်ရှင်များအတွက် တင်းကြပ်သော ဆင်ဆာစနစ်ရှိသည်ဟု လူသိများသည်။

၂၀၁၃ ခုနှစ်က ပက်ခ်ရှီဟို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အငြင်းပွားမှုကိစ္စ ဖြစ်ပွားပြီးနောက် “After Love” ဇာတ်ကားသည် ၎င်း၏ ပထမဆုံး ပြည်တွင်း ရုပ်ရှင်ဇာတ်ကား ဖြစ်လာမည် ဖြစ်သည်။

မင်းသမီး ယွန်အန်ဟေးအတွက် ယင်းရုပ်ရှင်ဇာတ်ကားသည် “My Black Minidress” ရုပ်ရှင်ဇာတ် ကား ထုတ်လွှင့်ပြသပြီးနောက် ငါးနှစ်အကြာ ပြန်လည် သရုပ်ဆောင်သည့် ရုပ်ရှင်ဇာတ်ကား ဖြစ်လာမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly