ပိုက်လီနှင့် ပင်ကက်စမစ်တို့ ဆန်ခါတင်စာရင်းကို မကျေနပ်သဖြင့် အော်စကာဆုပေးပွဲကို သပိတ်မှောက်သွားမည်

ပိုက်လီနှင့် ပင်ကက်စမစ်တို့ ဆန်ခါတင်စာရင်းကို မကျေနပ်သဖြင့် အော်စကာဆုပေးပွဲကို သပိတ်မှောက်သွားမည်

နယူးယော့ခ်၊ ဇန်နဝါရီ ၁၉ ။           ။ အာဖရိကန် - အမေရိကန် ဒါရိုက်တာ စပိုက်လီနှင့် မင်းသမီး ဂျာဒါပင်ကက်စမစ်တို့က လူမည်း အနုပညာရှင်များကို အော်စကာ ဆန်ခါတင်စာရင်းတွင် ပါဝင်ခြင်း မရှိခြင်းကြောင့် လာမည့်လတွင် ပြုလုပ်မည့် အော်စကာဆုပေးပွဲကို သပိတ်မှောက်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

အော်စကာဆု ဆန်ခါတင်စာရင်းကို ဇန်နဝါရီ ၁၄ ရက်က ကြေငြာခဲ့ရာ ဆန်ခါတင်စာရင်းတွင်  နှစ်နှစ်ဆက်တိုက် လူမည်းသရုပ်ဆောင်များ ပါဝင်ခဲခြင်း မရှိပေ။ အာဖရိကန်- အမေရိကန် သရုပ် ဆောင်များ ဆန်ခါတင်စာရင်းတွင် ပါဝင်မှုမရှိခြင်းသည် ၂၀၁၅ ခုနှစ်က တွစ်တာပေါ်တွင်  ဖြစ်ပေါ်ခဲ့ သော လူဖြူများသာ ဆုချီးမြှင့်သည့်  အော်စကာဆုပေးပွဲကို ဖြစ်ပေါ်ရန် ဦးတည်နေသည်။

“ပြည်သူများ ရပိုင်ခွင့်အတွက် လုပ်ဆောင်ခဲ့တဲ့ ခေါင်းဆောင် မာတင်လူသားကင်းကို အမှတ်ရ စေရန် ဂုဏ်ပြုထားတဲ့ အမျိုးသား အားလပ်ရက် ပိတ်ရက် တစ်ရက်ဖြစ်တဲ့ မာတင်လူသားကင်းနေ့တွင် အော်စကာဆုပေးပွဲကို သပိတ်မှောက်သွားမယ့် အကြောင်းကို ကြေငြာသွားမှာ ဖြစ်ပါတယ်”လီက ပြောကြားခဲ့သည်။

“သရုပ်ဆာင်ဆု စာရင်းတွင်ပါတဲ့ သရုပ်ဆောင်၂၀ ဦးဟာ နှစ်နှစ်ဆက်တိုက် လူဖြူတွေ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အခြားဆုတွေထဲမှာ ပါဝင်ခွင့် မရှိဘူးလား” ဟု လီက #WscarsSoWhite ခေါင်းစဉ်ဖြင့် ရေးသားခဲ့သည်။

“နှစ်နှစ်လုံး အော်စကာဆုပေးပွဲတွင် လူဖြူသရုပ်ဆောင် ၄၀ ဦး ပါဝင်ခဲ့တယ်။ ကျွန်တော်တို့က သရုပ်မဆောင်ကြဘူးလား” ဟု လီက ပြောကြားထားသည်။

အော်စကာဆုပေးပွဲ အစီစဉ်မှူး ခရစ်ရော့ခ်နှင့် အခမ်းအနား ထုတ်လုပ်သူ ရီဂီနာလက်ဒ် ဟက်ဒ်လင် ဒါမဟုတ် လုပ်ရှားမှုဓာတ်ပုံ အနုပညာနှင့် သိပ္ပံဆိုင်ရာ အဖွဲ့အစည်းမှ တာဝန်ရှိသူများ အပေါ် ရိုင်းပြခြင်းမျိုး မဖြစ်ပေါ်စေရန် ကျွန်တော် အော်စကာဆုပေးပွဲကို မတတ်ရောက်ဖို့ ဆုံးဖြတ်ခဲ့ ခြင်း ဖြစ်ကြောင်း လီက ပြောကြားသည်။

သရုပ်ဆောင် မင်းသမီး ပင်ကက်စမစ်ကလည်း ဖေဖော်ဝါရီ ၂၈ ရက်တွင် ကျင်းပပြုလုပ်မည့် အော်စကာဆုပေးပွဲကို တတ်ရောက်သွားမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly