American Pie သီချင်း အဆိုတော် Don McLean အိမ်တွင်း အကြမ်းဖက်မှှုဖြင့် အဖမ်းခံခဲ့ရ

American Pie သီချင်း အဆိုတော် Don McLean အိမ်တွင်း အကြမ်းဖက်မှှုဖြင့် အဖမ်းခံခဲ့ရ

ဇန်နဝါရီ ၁၉ ။            ။ နာမည်ကျော် American Pie သီချင်းကို သီဆိုခဲ့သော အဆိုတော် Don McLean မှာ အိမ်တွင်း အကြမ်းဖက်မှှု စွဲချက်ဖြင့် အဖမ်းခံခဲ့ရသည်။

ယခုအခါ အသက် ၇၀ အရွယ် ရှိနေပြီဖြစ်သည့် အဆိုတော်အား Knox County အကျဉ်း ထောင်တွင် ထိန်းသိမ်းထားခဲ့ရာမှ အာမခံကြေး ဒေါ်လာ တစ်သောင်းဖြင့် ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်သည်။

McLean သည် ၁၉၇၁ ခုနှစ် နာမည်ကျော်သီချင်း American Pie ဖြင့် အထူးကျော်ကြားခဲ့သူ ဖြစ်သည်။ ထိုသီချင်းမှာ၊ လေယာဉ်ပျက်ကျမှှုကြောင့် သေဆုံးသွားခဲ့ရသည့် ဂီတသမားများ ဖြစ်ကြ သော Buddy Holly ၊ Ritchie Valens နှင့် The Big Bopper တို့ အကြောင်းကို ရေးဖွဲ့ထားသော သီချင်းဖြစ်သည်။

အဆိုတော် Don McLean အိမ်တွင်းအကြမ်းဖက်မှှု ကျူးလွန်ခဲ့ကြောင်း တိုင်ကြားချက်ကို ရဲတပ်ဖွဲ့က တနင်္လာနေ့ ဒေသစံတော်ချိန် နံနက် ၂ နာရီတွင် လက်ခံရရှိခဲ့ပြီးနောက် အဆိုတော်အား ဖမ်းဆီး ထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။

သူသည် Rockland ရှိ Knox County Unified တရားရုံးသို့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် လာရောက် အစစ်ဆေးခံရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly