တောင်ကိုရီးယားတွင် မားစ်ကြောင့် နှစ်ဦးထပ်သေ စုစုပေါင်း ၂၉ ဦးအထိသေဆုံးပြီဖြစ်

တောင်ကိုရီးယားတွင် မားစ်ကြောင့် နှစ်ဦးထပ်သေ စုစုပေါင်း ၂၉ ဦးအထိသေဆုံးပြီဖြစ်

ရိုက်တာ (ဆိုးလ်)။ ။ တောင်ကိုရီးယားတွင် အရှေ့အလယ်ပိုင်း ကူးစက်မြန် အသက်ရှူလမ်းကြောင်းဆိုင်ရာ
ရောဂါလက္ခဏာစု (မားစ်) ကြောင့် လူနှစ်ဦး ထပ်မံသေဆုံးခဲ့သည်ဟု ကျန်းမာရေး ဝန်ကြီးဋ္ဌာနက ဇွန် ၂၅ တွင် ထုတ်ပြန်လိုက်ရာ မားစ်ကြောင့် သေဆုံးသူစုစုပေါင်း ၂၉ ဦးအထိ ရှိသွားပြီ ဖြစ်သည်။

ထို့အပြင် အသစ်ကူးစက်ခံရသူ တစ်ဦးကိုလည်း တွေ့ရှိကြောင်း ဝန်ကြီးဋ္ဌာနက ထုတ်ပြန်ခဲ့ရာ ကူးစက်ခံရသူ အရေအတွက်မှာလည်း ၁၈၀ သို့ ရောက်ရှိခဲ့သည်။ တောင်ကိုရီးယားသည် ဆော်ဒီအာရေဘီးယား ပြင်ပတွင် မားစ်ရောဂါ ဖြစ်ပွားမှုအများဆုံး နိုင်ငံဖြစ်သည်။

၇၇ ဦးမှာ ဆေးရုံတွင် ကုသမှုခံယူနေဆဲ ဖြစ်သည်။ သေဆုံးသူအများစုမှ အသက်ကြီးသော လူနာများ သို့မဟုတ် ရောဂါအခံရှိသူများ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly