မလေးရှားတွင် အဖွဲ့နှစ်ခု ဂိုဏ်းဖွဲ့၊ လုံခြံုရေး သတိရှိရန် မလေးရောက် မြန်မာများကို သံရုံးသတိပေး

မလေးရှားတွင် အဖွဲ့နှစ်ခု ဂိုဏ်းဖွဲ့၊ လုံခြံုရေး သတိရှိရန် မလေးရောက် မြန်မာများကို သံရုံးသတိပေး

မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ် ဆာလာရန်း အရပ်တွင် ဒေသခံအိန္ဒိယနွယ်ဖွား မလေးရှားနိုင်ငံသား များနှင့် မြန်မာမူဆလင်ဟူသည့် အဖွဲ့အစည်းနှစ်ခု ဂိုဏ်းဖွဲ့ နယ်မြေလုရာမှ ပဋိပက္ခ ဖြစ်ပေါ်လာခြင်းကြောင့် အဆိုပါ ဒေသသို့ မသွားကြရန် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဇန်နဝါရီ ၁၉ ရက်တွင် ထုတ်ပြန် သတိပေးထားသည်။

“မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ် ဆာလာရန်း နယ်မြေတွင် ဒေသခံ အိန္ဒိယနွယ်ဖွား မလေးရှား နိုင်ငံသားများနှင့် အဆိုပါဒေသသို့ တရားဝင်/တရားမဝင် ရောက်ရှိ နေထိုင်လျက် ရှိကြသော မြန်မာမွတ်ဆလင်ဟုဆိုသည့် အဖွဲ့အစည်းနှစ်ခုသည် ဂိုဏ်းဂဏဖွဲ့၍ နယ်မြေလု အငြင်းပွားရာမှ ပဋိပက္ခအသွင်ဆောင်ကာ အပြန်အလှန် လက်တုန့်ပြန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့” ဟု သံရုံး ထုတ်ချက်တွင် ပါရှိသည်။

အဆိုပါ တိုက်ခိုက်မှုများအတွင်း သေဆုံးမှုနှင့် ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့သည်ဟု ဆိုထားပြီး “ယခုကဲ့သို့သော အခြေအနေတွင် မလေးရှား နိုင်ငံရောက် မြန်မာနိုင်ငံသားများ အနေဖြင့် အဆိုပါနယ်မြေသို့ သွားရောက်ခြင်း မပြုကြပါရန်” ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အကြောင်း တစ်စုံတစ်ရာရှိ၍ ပြင်ပသို့ သွားရောက် ကြရာတွင်လည်း လုံခြုံရေးအသိဖြင့် အထူး သတိထားကာ သွားလာကြပါရန်ဟု သတိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required