ဆမ်ဆောင်းက Galaxy J5 နှင့် J7 စမတ်ဖုန်းနှစ်လုံး မိတ်ဆက်မည်

ဆမ်ဆောင်းက Galaxy J5 နှင့် J7 စမတ်ဖုန်းနှစ်လုံး မိတ်ဆက်မည်

(လန်ဒန်)။ ။ တောင်ကိုရီးယားအခြေစိုက် နည်းပညာကုမ္ပဏီ ဆမ်ဆောင်းက အလယ်အလတ်တန်း စမတ်ဖုန်း
နှစ်လုံးဖြစ်သည့် Galaxy J5 နှင့် J7 ဖုန်းနှစ်လုံးကို စတင်မိတ်ဆက်မည်ဟု T3 သတင်းဌာနက ဖော်ပြထားသည်။

ယင်းစမတ်ဖုန်း နှစ်လုံးတွင် ရှေ့ကင်မရာ 5MP ပါဝင်မည်ဖြစ်ပြီး LED Flash ပါဝင်မည် ဖြစ်သည်။

မိမိကိုယ်ကို ဓါတ်ပုံရိုက်ကူးမှုနှင့် ဗီဒီယိုခေါ်ဆိုမှုများကို အလင်းရောင်နည်းပါးသော နေရာတွင်ပင် ပြုလုပ်နိုင်လိမ့် မည်ဟု သတင်းများက ဖော်ပြထားကြသည်။ နောက်ကင်မရာကိုမူ 13MP ထည့်သွင်းတပ်ဆင်ထားမည် ဖြစ်သည်။

အရွယ်အစားအနေဖြင့် Galaxy J7 ကို ၅ ဒသမ ၅ လက်မ ထုတ်လုပ်ထားမည်ဖြစ်ပြီး Galaxy J5 ကို အရွယ်အ စား ၅ လက်မ ထုတ်လုပ်ထားမည်ဟု T3 သတင်းက ဆိုထားသည်။

Galaxy J7 တွင် Octa-core Snapdragon 615 CPU တပ်ဆင်ထားပြီး Galaxy J5 တွင် quad-core Snapdragon 410 CPU ကို တပ်ဆင်ထားမည် ဖြစ်သည်။ ဘက်ထရီအရည်အသွေးအနေဖြင့် Galaxy J5 တွင်2600mAh ဘက်ထရီကို တပ်ဆင်ထားပြီး Galaxy J7 တွင် 3000mAh ဘက်ထရီကို တပ်ဆင်ပေးထားသည်။

ယင်းစမတ်ဖုန်းသစ် နှစ်လုံးလုံးသည် 4G ကွန်ရက်ကို အထောက်အပံ့ပေးမည်ဖြစ်ပြီး RAM အနေဖြင့် 1.5GB ပါဝင်မည်ဖြစ်သည်။ ဆင်းမ်ကတ် နှစ်ကတ် အသုံးပြုနိုင်မည်ဟုလည်း T3 သတင်းက ဆိုသည်။ Android ဗားရှင်းအနေဖြင့် Android ၏ နောက်ဆုံးဗားရှင်း Lollipop ကို အသုံးပြုထားသည်။

ယင်းစမတ်ဖုန်း နှစ်လုံးကို ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းဈေးကွက်ဖြစ်သည့် တရုတ်နိုင်ငံဈေးကွက်၌ ယခုတစ်ပတ် အတွင်း စတင်မိတ်ဆက်သွားမည်ဖြစ်သည်။

ရောင်းဈေးအနေဖြင့် Galaxy J7 ကို ၁၈၃ ပေါင် နှင့် Galaxy J5 ကို ၁၄၂ ပေါင် သတ်မှတ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required