မဇ္ဈိမ ပရိသတ်များနှင့် မြန်မာပြည်သူ/ ပြည်သားအပေါင်း နှစ်သစ်မင်္ဂလာ အခါသမယမှာ ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ ကြပါစေကြောင်း မဇ္ဈိမ ဝိုင်းတော်သားများက ဆန္ဒမေတ္တာ ပို့သလိုက်ပါတယ်။
နှစ်သစ်အကူးအပြောင်းမို့ မဇ္ဈိမ သတင်းထောက်များနှင့် ဝန်ထမ်းများ အလုပ်တာဝန်တို့ ဖြေလျှော့ကာ လေးရက်တာ အနားယူကြမှာ ဖြစ်ပါတယ်။ ၂၀၁၁ ဒီဇင်္ဘာ ၃၀ ရက်နေ့မှ ၂၀၁၂ ဇန်နဝါရီ ၂ ရက်နေ့ အတွင်း အရေးပေါ် ထူးခြားသတင်းများမှအပ အခြားသတင်း တင်ဆက်မှုများ ရပ်နားထားမှာ ဖြစ်ကြောင်း အသိပေး အကြောင်းကြား အပ်ပါတယ်။
ပျော်ရွှင်ဖွယ်နှစ်သစ် ဖြစ်ပါစေ
မဇ္ဈိမ ဝိုင်းတော်သူ/ဝိုင်းတော်သားများ



