
အလုပ်သင် သတင်းထောက် သင်တန်း
၂၀၁၀ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မဇ္ဈိမသတင်းအေဂျင်စီ၌ အလုပ်သင် သတင်းထောက် သင်တန်းအတွက် စိတ်ဝင်စားသူများ လျှောက်ထားနိုင်သည်။
လျှောက်ထားသူသည် -
- ဘွဲ့ရရှိထားသူ ဖြစ်ရမည်။ အင်္ဂလိပ်/ မြန်မာ ၂ ဘာသာ ရေးသားပြောဆိုနိုင်ရမည်။
- ထိုင်းနိုင်ငံ ချင်းမိုင်မြို့ (သို့မဟုတ်) အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် အလုပ်လုပ်ကိုင်ရမည်။
- သတင်းလုပ်ငန်းကို စိတ်ဝင်စားကာ၊ ဤလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းနိုင်သူ ဖြစ်ရမည်။
- လေ့လာသင်ယူလို စိတ်ရှိကာ၊ ၀ီရိယကောင်းသူ ဖြစ်ရမည်။
- သင်တန်းမှ ပေးအပ်သော သင်ခန်းစာနှင့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရမည်။
- သင်တန်းမှ ချမှတ်သော စည်းကမ်းများကို လိုက်နာနိုင်သူ ဖြစ်ရမည်။
- ဋ္ဌာနအတွင်းနှင့် ဋ္ဌာနပြင်ပတွင် ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်စွာ တည်ဆောက်နိုင်သူ ဖြစ်ရမည်။
- သတင်းအတွက် လိုအပ်လျှင် ခရီးသွားလာနိုင်ရမည်။ လိုအပ်လျှင် စနေ၊ တနင်္ဂနွေ နေ့များပါ လုပ်ကိုင်နိုင်ရမည်။
- ၃ လ သင်တန်းနောက်ပိုင်း၊ အရည်အချင်းပေါ် မူတည်၍ မဇ္ဈိမ နေ့စဉ် သတင်းခန်းတွင် ပါဝင်ဆောင်ရွက်ခွင့် ပြုမည်ဖြစ်သည်။
သင်တန်းကာလ - ၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ (၆ လ) ဖြစ်သည်။
သင်ပေးမည့် ပညာရပ်များ -
- အခြေခံ သတင်းပညာ၊
- ဓာတ်ပုံ သတင်းပညာ၊
- ဗီဒီယိုရိုက်ကူး ပညာ၊
- ဗီဒီယို တည်းဖြတ် ပညာ၊
- ရုပ်သံ၊ သတင်း ရိုက်ကူးတင်ဆက်ခြင်း ပညာ၊
- အွန်လိုင်းသတင်း ရေးသားခြင်း၊
- နေ့စဉ် သတင်းစည်းဝေးခန်း စီမံခန့်ခွဲခြင်း ပညာ၊ (News Room Management)
ထိုပညာရပ်များကို မဇ္ဈိမသတင်းအေဂျင်စီမှ သင်တန်းဆရာများ၊ အယ်ဒီတာများ၊ ပြင်ပမှ ကျွမ်းကျင်သူများက အလှည့်ကျ နေ့စဉ် မနက် ၉ နာရီမှ ညနေ ၆ နာရီထိအပြင်၊ လိုအပ်သလို အချိန်ပို သင်ကြားမည်ဖြစ်သည်။
(၆ လ) သင်တန်း အောင်မြင်စွာ ပြီးဆုံးပါက -
ရွေးချယ်ခံရသူသည် မဇ္ဈိမသတင်းအေဂျင်စီ၌ သတင်းထောက် အဖြစ် လျှောက်ထားနိုင်သည်။
အခြား မြန်မာနိုင်ငံဆိုင်ရာ သတင်းဌာနတွင် အလုပ်လျှောက်ထားနိုင်ရန်၊ ထောက်ခံစာ ရေးထားသည့် Certificate ချီးမြှင့်မည်ဖြစ်သည်။
စိတ်ဝင်စားသူများသည် -
ပညာအရည်အချင်း အပါအဝင် ကိုယ်ရေးရာဇဝင် အကျဉ်း
ထောက်ခံသူတဦး အမည်နှင့် ဆက်သွယ်ရန် လိပ်စာ
သင်တန်းပြီးမြောက်အောင် တက်မည်ဟု ခံဝန်ကတိပြုချက် စသည်တို့ကို
ဤ အီးလေးလိပ်စာသည် spambots များရန်မှ ကာကွယ်ထားသည်။ ဤသည်ကို ကြည့်ရှုရန် သင့် JavaScript ဖွင့်ရန် လိုအပ်သည်။ သို့ ၂၀၁၁၊ ဇန်နဝါရီလ ၂၀ ရက်နေ့ နောက်ဆုံးထား ပေးပို့ရန်။
ပဏာမ ရွေးချယ်မခံရသူများကို မဇ္ဈိမသတင်း အေဂျင်စီက ဆက်သွယ် အကြောင်းကြားမည် မဟုတ်ပါ။
မဇ္ဈိမသတင်းအေဂျင်စီ
