+ အယ်ဒီတာ၏ ညွှန်ကြားမှုအောက်တွင် ခိုင်လုံမှုရှိသော ဆက်စပ် သတင်း အချက်အလက်များ ရှာဖွေ စုဆောင်းကာ ပြန်လည်သီကုံး ရေးသားရန်။
+ မဇ္ဈိမ အင်တာနက် စာမျက်နှာနှင့် ပုံနှိပ်ဂျာနယ်အတွက် သုတေသန ပြုထားချက်များ ပုံမှန် ရေးသားရန်။
+ မြန်မာပြည်နှင့်ဆိုင်သော အချက်အလက်များအပြင် ကမ္ဘာတွင် ဖြစ်ပျက်သည့် ထင်ရှားသော အကြောင်းကိစ္စများကိုပါ ရှာဖွေ စုဆောင်းရန်။
+ သတင်းထောက်များအတွက် လိုအပ်သော အချက်အလက်များကို ပံ့ပိုးကူညီပေးရန်။
လိုအပ်သည့် အရည်အချင်း
+ အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာကို ကျွမ်းကျင်စွာ ဖတ်နိုင်၊ ရေးသားနိုင်သူ ဖြစ်ရမည်။
+ ဆက်ဆံရေး ပြေပြစ်ကောင်းမွန်သူ ဖြစ်ရမည်။
+ နေ့စဉ်ဖြစ်ပေါ်နေသော သတင်း အကြောင်းအရာများကို စိတ်ပါဝင်စားသူဖြစ်ပြီး မြန်မာပြည်နှင့်ဆိုင်သည့် သတင်းအင်တာနက် စာမျက်နှာများနှင့် အသံလွှင့် ရေဒီယိုများကို လေ့လာသိရှိနိင်သူ ဖြစ်ရမည်။
+ ကွန်ပြူတာ အင်တာနက်နှင့် ယဉ်ပါးနေသူ ဖြစ်ရမည်။
+ နယူးဒေလီရုံးသို့မဟုတ် ချင်းမိုင်ရုံးတွင် ရုံးထိုင်အလုပ်လုပ်နိုင်သူ ဖြစ်ရမည်။
စိတ်ပါဝင်စားသူများသည်
ဤ အီးလေးလိပ်စာသည် spambots များရန်မှ ကာကွယ်ထားသည်။ ဤသည်ကို ကြည့်ရှုရန် သင့် JavaScript ဖွင့်ရန် လိုအပ်သည်။
သို့ မိမိ ကိုယ်ရေးရာဇဝင်နှင့် လွန်ခဲ့သည့် ၆ လအတွင်းက ရိုက်ကူးခဲ့သော ပတ်စ်ပို့ဆိုဒ် ဓာတ်ပုံ ၁ ပုံ ပူးတွဲပေးပို့ကာ လျှောက်ထားနိုင်သည်။
ဇန်နဝါရီလ ၁၅ ရက်နေ့ နောက်ဆုံးထား လျှောက်လွှာ ပေးပို့ရမည်သည်။ လျှောက်ထားသူများ အနက်မှ မဇ္ဈိမက အင်တာဗျူးရန် စိတ်ဝင်စားသော လျှောက်ထားသူကိုသာ ဆက်သွယ်မည် ဖြစ်သည်။



