House Art

eng btn

အထူးသတင်းများ:
 
 
Friday, 14 March 2014 13:17

ပုသိမ်တွင် လေယာဉ်မောင်းသင်တန်းသူ မောင်းနှင်ဆင်းသက်သည့် လေယာဉ် မတော်တဆမှုဖြစ်ပွား

Written by  မဇ္ဈိမသတင်းဌာန

ရန်ကုန်၊ မဇ္ဈိမ။               ။ ဧရာဝတီတိုင်းတွင် လေယာဉ်မောင်းသင်တန်းပေးနေသည့် မြန်မာလေကြောင်းအကယ်ဒမီ လေယာဉ်မောင်း သင်တန်းမှ မမိုးဝေဖြာ လေ့ကျင့်မောင်းနှင်လာသည့် လေယာဉ်သည် မတ်လ ၁၂ရက် နံနက် ၈နာရီခန့်က ပြေးလမ်းနှင့် လေယာဉ်ရှေ့ဘီး ဝင်တိုက်မိကာ မတော်တဆမှု ဖြစ်ပွားခဲ့ရသည်ဟု မြန်မာလေကြောင်းအကယ်ဒမီ၏ ဒါရိုက်တာ ဦးခင်မောင်ဝင်း၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

DA
ဧရာဝတီတိုင်း ပုသိမ်လေယာဉ်ကွင်းတွင် မတ်လ ၁၂ ရက် နံနက် ၈နာရီက မတော်တဆမှု ဖြစ်ပွားခဲ့သည့် မြန်မာလေကြောင်းအကယ်ဒမီ အမောင်းသင်လေယာဉ်ကို တွေ့ရစဉ်။ (ဓါတ်ပုံ- MAA)

သင်တန်းသူ မမိုးဝေဖြာသည် ပထမဆုံးအကြိမ် တစ်ဦးတည်း မောင်းနှင်ဆင်းသက်စဉ် ရုတ်ချည်းတိုက်ခတ်သည့် လေပြင်းကြောင့် လေယာဉ် ထိန်းသိမ်းမောင်းနှင်မှု ချိန်ဆမှု အနည်းငယ် နောက်ကျသွားခဲ့သဖြင့် လေယာဉ်ရှေ့ဘီးနှင့် လေယာဉ်ပြေးလမ်း ဝင်တိုက်မိကာ
မတော်တဆ ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

လေယာဉ်မတော်တဆမှုကြောင့် လေယာဉ်ရှေ့ဘီးကို ထိန်းထားသည့် ထိန်းတံ ကျိုးသွားခဲ့ရုံမှအပ လူထိခိုက်ခြင်းနှင့် အခြား ပျက်စီးဆုံးရှုံးမှု မရှိဟု ဆိုသည်။

Read 1146 times Last modified on Friday, 14 March 2014 15:49

YOUNG-POWER-Update 10-x-3-col

mizzima-newspaper-vol-6-no-48

chatrium

 

academy-left-banner1

prisoners-released-left

asean-women

obama-left

asean-left

SMS-news-banner

twitter facebook

 

 

ယနေ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း

Yoma Bank LimitedYoma-bank-logo
International Banking Department
Exchange Rate for foreign currencies (06.05.2015), Wednesday.

Currency Ref;Rate We Buy  We Sell 
 USD 1080 1080 1080
 EUR 1207.3 1198 1216
 SGD 810.57 804 816

We have 4050 guests and no members online