အာဆီယံအကောင်းဆုံး နည်းပြဆုရရန် မြန်မာယူ-၂၀နည်းပြ ရေပန်းစားနေ

အာဆီယံအကောင်းဆုံး နည်းပြဆုရရန် မြန်မာယူ-၂၀နည်းပြ ရေပန်းစားနေ
အာဆီယံအကောင်းဆုံးနည်းပြဆုရရန်ရေပန်းစားနေသော မြန်မာယူ-၂၀နည်းပြ ဂတ်ဇီဆီဖရိုင်းဒရစ်။

ဇွန် ၂၁၊ ရန်ကုန်။        ။ ၂၀၁၄ခုနှစ်အတွက် အာဆီယံအကောင်းဆုံးနည်းပြဆုကိုရရှိရန် မြန်မာယယူ-၂၀နည်းပြ ဂတ်ဇီဆီ ဖရိုင်းဒရစ် ရေပန်းစားနေသည်။

အာဆီယံအကောင်းဆုံးဆုများရွေးချယ်ပွဲအခမ်းအနားကို သြဂုတ်လ ၂၂ ရက်တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၌ ကျင်းပပြုလုပ် မည်ဖြစ်ပြီး အာဆီယံအကောင်းဆုံးဘောလုံးအသင်း၊ အာဆီယံအကောင်းဆုံး အမျိုးသား၊အမျိုးသမီးကစားသမားဆု၊ အာဆီ အကောင်းဆုံးနည်းပြဆုတို့ကို ရွေးချယ်ပေးအပ်မည်ဖြစ်သည်။ ၂၀၁၃ခုနှစ်က မြန်မာအမျိုးသမီးအသင်းနည်းပြ ကုမာဒါက အာဆီယံအကောင်းဆုံးနည်းပြဆုရခဲ့ဖူးပြီး ၂၀၁၄အတွက် ဖရိုင်းဒရစ်ရေပန်းစားနေခြင်းဖြစ်သည်။

ဂျာမနီလူမျိုးနည်းပြ ဂတ်ဇီဆီဖရိုင်းဒရစ်မှာ ၂၀၁၁ခုနှစ်ကတည်းက မြန်မာနိုင်ငံတွင် နည်းပြအဖြစ် ဆောင်ရွက်နေသူဖြစ်ပြီး ပထမဆုံးတည်ဆောက်ခဲ့သည့် ယူ-၁၉အသင်းမှာ အာဆီယူ-၁၉ချန်ပီယံရှစ်ပြိုင်ပွဲတွင် စတုတ္ထနေရာသာရရှိခဲ့သည်။ ထို့နောက် ယူ-၂၀ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ရမည့် မြန်မာယူ-၂၀အသင်းကို ထပ်မံ တည်ဆောက်ခဲ့ပြီး ဘရူနိုင်းဘုရင့်ဖလားချန်ပီယံ၊ အာရှယူ-၁၉ချန်ပီယံရှစ်ပြိုင်ပွဲတွင်ပူးတွဲတတိယနေရာ ရရှိခဲ့ပြီး ကမ္ဘာ့ဖလားဝင်ခွင့်ရရန် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly