ဇေယျာရွှေမြေအသင်းကို ဦးသန်းတိုးအောင် နည်းစနစ်ပိုင်း ကူညီပေးမည်

ဇေယျာရွှေမြေအသင်းကို ဦးသန်းတိုးအောင် နည်းစနစ်ပိုင်း ကူညီပေးမည်
ဇေယျာရွှေမြေအသင်းကို ကူညီမည့် ယူ-၂၃ အသင်းမန်နေဂျာ ဦးသန်းတိုးအောင်(ယာ)။ ဓာတ်ပုံ-ရွှေဘုတ်

မြန်မာ့လက်ရွေးစင် ယူ-၂၃အသင်း အုပ်ချုပ်သူ ဦးသန်းတိုးအောင်သည် ဇေယျာရွှေမြေ ကလပ်အသင်း၌ အထွေထွေ မန်နေဂျာရာ ထူးဖြင့် နည်းစနစ်ပိုင်း ကူညီလုပ်ဆောင်ပေးသွားမည်ဟု ဇေယျာရွှေမြေအသင်း မီဒီယာတာဝန်ခံ ဦးကျော်ကျော်မိုးက ပြောသည်။

ဦးသန်းတိုးအောင်သည် ၂၀၁၀ ခုနှစ်ကနေပြည်တော်ကလပ်အသင်း၌ မန်နေဂျာ လုပ်ခဲ့ဖူးသလို ၂၀၁၅ ဘောလုံးရာသီတွင်လည်း ယူ-၂၃ ဆီးဂိမ်း လက်ရွေးစင်အသင်းကို အုပ်ချုပ်သူအဖြစ် တာဝန်ယူကာ အသင်းနှင့်အတူ ငွေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့သည်။

“ ဦးသန်းတိုးအောင်ကအသင်းဥက္ကဋ္ဌ တောင်းဆိုမှုနဲ့ အသင်းကို နည်းစနစ်ပိုင်းလာ ကူညီပေးမှာပါ။ သူကအစိုးရဝန်ထမ်း ဆိုတော့ အမြဲတမ်းတော့ အသင်းနဲ့အတူ မရှိနိုင်ပါဘူး။ အဓိကကတော့ အသင်းရဲ့ နည်းစနစ်ပိုင်းနဲ့ ပတ်သက်တာ နည်းပြအဖွဲ့နဲ့တိုင်ပင်ပြီး အကြံပေးသွားမှာပါ။ အသင်းရဲ့ ဒုတိယအကျော့ လူစာရင်းမှာတော့ အထွေထွေမန်နေဂျာ ရာထူးပေးထားပါတယ်။ ဒုကျော့မှာ အသင်းကောင်းဖို့ အားလုံးတိုင်ပင်ပြီး အကောင်းဆုံး ပြင်ဆင်နေပါတယ်”ဟု ဦးကျော်ကျော်မိုးက ပြောသည်။

ဇေယျာရွှေမြေအသင်းသည် ယခုနှစ်ဘောလုံးရာသီပထမအကျော့တွင်ရလဒ်များဆိုးဝါးနေသည့်အတွက်ဒုကျော့မတိုင်ခင်၌ခြေစွမ်း မပြနိုင်သော နိုင်ငံခြားသား ကစားသမားများကို လဲလှယ်မှုများ ပြုလုပ်ကာ နိုင်ငံခြားသား ကစားသမား အပါအဝင် ကစာသမား သစ် ရှစ်ဦးထိ အားဖြည့် ခေါ်ယူထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly