ဖွန်ဆီကာအစား ဆာဘီးယားတိုက်စစ်မှူး လာဆာဗီဒစ်ကို ဧရာဝတီအသင်း ခေါ်ယူ

ဖွန်ဆီကာအစား ဆာဘီးယားတိုက်စစ်မှူး လာဆာဗီဒစ်ကို ဧရာဝတီအသင်း ခေါ်ယူ
ဧရာဝတီအသင်းမှခေါ်ယူခဲ့သည့် ဆားဘီးယားတိုက်စစ်မှူး လာဇာဗီဒစ်။

ဧရာဝတီကလပ်အသင်းသည် ၂၀၁၅ မြန်မာနေရှင်နယ်လိဂ် ပထမအကျော့အပြီး၌ အသင်းနှင့် လမ်းခွဲခဲ့သော ကိုလံဘီယာ တိုက်စစ်မှူး ဖွန်ဆီကာအစား ဆာဘီးယားတိုက်စစ်မှူး လာဇာဗီဒစ်ကို ခေါ်ယူစာချုပ်လိုက်သည် ဟု ဧရာဝတီအသင်း မီဒီယာ တာဝန်ခံ ကိုအောင်ကျော်ကျော်က မဇ္ဈိမကို ပြောသည်။

အသက် ၂၅ နှစ်အရွယ်ရှိ ဆာဘီးယားလူမျိုး လာဇာဗီဒစ်သည် ဘော့စနီးယားကလပ် မက်တယ်လစ်အသင်းမှ ဧရာဝတီ အသင်းသို့ ပြောင်းရွေ့လာခဲ့သူ တစ်ဦးဖြစ်ပြီး ၂၀၁၄ ဘောလုံးရာသီတွင် မက်တယ်လစ်အသင်းအတွက် ငါးဂိုးသွင်း ယူ ပေးနိုင်ခဲ့သည်။

“ အသင်းအနေနဲ့ ဖွန်ဆီကာအစား ဆာဘီးယားတိုက်စစ်မှူး လာဇာဗီဒစ်ကို ခေါ်ထားပါတယ်။ ဘော့စနီးယား ကလပ်ကပါ။ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ မပိတ်ခင်ကပဲ စာချုပ် ချုပ်ပြီးသွားပါပြီ။ နည်းပြ စိတ်ကြိုက် ရွေးချယ်ထားတာပါ။ ဒုအကျော့အတွက်ုပြင် ဆင်မှုကတော့ ခြေစမ်းပွဲတွေလည်း တောက်လျှောက် ကစားနေပါတယ်။ အသင်းက လက်ရွေးစင် ကစားသမားတွေလည်း ဒီအပတ်တွင်း မှာပဲ အသင်းနဲ့ အတူ လာပြန်ပူးပေါင်းသွားမှာပါ ” ဟု ကိုအောင်ကျော်ကျော်က ပြောသည်။

ဧရာဝတီယူနိုက်တက်အသင်းသည် ၂၀၁၅ ဘောလုံးရာသီတွင် AFC Cup ပြိုင်ပွဲ၌ ရှုံးထွက် အဆင့်မှ ထွက်ခဲ့ရသော်လည်း မြန် မာနေရှင်နယ်လိဂ်တွင်မူ ပွဲစဉ် ကိုးပွဲ ကစားပြီးချိန်၌ ခုနစ်ပွဲနိုင် တစ်ပွဲသရေ ရလဒ်ဖြင့် ရမှတ် ၂၂ မှတ်ရရှိကာ အမှတ်ပေးဇယား ဒုတိယနေရာတွင် ရပ်တည်လျက်ရှိပြီး ထိပ်ဆုံးမှ ရန်ကုန်အသင်းကို ဖိအားပေးလျက်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly