မြန်မာဟော်ကီအသင်း မလေးရှားကိုရှုံးကာ ဗိုလ်လုပွဲနှင့် လွဲချော်

မြန်မာဟော်ကီအသင်း မလေးရှားကိုရှုံးကာ ဗိုလ်လုပွဲနှင့် လွဲချော်
မြန်မာအသင်းနှင့် စင်ကာပူ အုပ်စုပထမပွဲတွင် အကြိတ်အနယ်ကစားခဲ့စဉ်။(ဓာတ်ပုံ - Singapore Hoceky )

ရန်ကုန် (မဇ္ဈိမ) ။ ။ ၂၀၁၅ စင်ကာပူဆီးဂိမ်းပြိုင်ပွဲ ဝင်ပြိုင်နေသော  မြန်မာ့လက်ရွေးစင် အမျိုးသားဟော်ကီအသင်းသည် အုပ်စုနောက်ဆုံးပွဲစဉ်တွင် မလေးရှားအသင်းကို ရှုံးနိမ့်ခဲ့သောကြောင့် ဗိုလ်လုသို့ တက်ရောက်ခွင့်လွဲချော်ခဲ့သည်။

ဟော်ကီအမျိုးသား အုပ်စုနောက်ဆုံးပွဲစဉ်တွင် မလေးရှားအသင်းက မြန်မာအသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့ပြီး အိမ်ရှင် စင်ကာပူအသင်းက ထိုင်းအသင်းကို ၄-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။ မြန်မာအသင်းနှင့် အိမ်ရှင်စင်ကာပူအသင်းတို့သည် သုံးပွဲကစားအပြီး တစ်ပွဲ နိုင်၊ တစ်ပွဲ သရေ၊ တစ်ပွဲ ရှုံး ရမှတ် လေးမှတ်စီ တူညီနေသော်လည်း စင်ကာပူအသင်းက ဂိုးကွာခြားချက်အသာဖြင့် ဗိုလ်လုပွဲသို့ တက်နိုင်ခဲ့သည်။

လက်ရှိချန်ပီယံ မလေးရှားအသင်းကို ရှုံးနိမ့်ခဲ့သော မြန်မာ အသင်းမှာ ဗိုလ်လုပွဲနှင့် လွဲချော်ကာ ထိုင်းအသင်းနှင့် တတိယနေရာလု မည်ဖြစ်သည်။

 

စဉ်

အသင်း

ပွဲ

နိုင်

သရေ

ရှုံး

ရဂိုး

ပေးဂိုး

ရမှတ်

၁။

မလေးရှား

-

-

၂။

မြန်မာ

၃။

စင်ကာပူ

၄။

ထိုင်း

-

-

၁၀

-

 

အမျိုးသားဟော်ကီပြိုင်ပွဲ ဗိုလ်လုပွဲနှင့် တတိယနေရာလုပွဲတို့ကို လာမည့် ဇွန် ၁၃ ရက်တွင် ဆက်လက် ကစားမည်ဖြစ်သည်။ မြန်မာဟော်ကီ အသင်းသည် တတိယနေရာလုပွဲတွင် ကစားရမည့် ထိုင်းအသင်းကို အုပ်စုပတ်လည်ပွဲတွင် ၃-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။

ပြီးခဲ့သော ၂၀၁၃ ဆီးဂိမ်းတွင် အမျိုးသားဟော်ကီအသင်းမှာ ထိုင်းအသင်းကို အနိုင်ယူပြီး တတိယရရှိခဲ့ပြီး ယခု ၂၀၁၅ ဆီးဂိမ်းတွင်လည်း ထိုင်းအသင်းကို အနိုင်ယူကာ ကြေးတံဆိပ်ရယူဖွယ်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags