ကမ္ဘာ့ဖလား အဖွင့်ဂိုး သွင်းယူနိုင်ခဲ့သည့်အတွက် ပျော်ရွှင်မိဟု ရန်နိုင်ဦး ဆို

ကမ္ဘာ့ဖလား အဖွင့်ဂိုး သွင်းယူနိုင်ခဲ့သည့်အတွက် ပျော်ရွှင်မိဟု ရန်နိုင်ဦး ဆို
မြန်မာယူ-၂၀ အသင်းအတွက် အဖွင့်ဂိုး သွင်းနိုင်ခဲ့သည့် ရန်နိုင်ဦး အောင်ပွဲခံနေစဉ်။

ရန်ကုန်၊ မေ ၃၀ ။      ။ ၂၀၁၅ နယူးဇီလန် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ပထမဆုံး အဖွင့်ဂိုး သွင်းယူနိုင်ခဲ့သည့် မြန်မာ ယူ-၂၀ အသင်းမှ ကွင်းလယ် တောင်ပံကစားသမား ရန်နိုင်ဦးက အဖွင့်ဂိုး သွင်းနိုင်ခဲ့သည့်အတွက် ပျော်ရွှင်မိသည်ဟု ပွဲအပြီးတွင် ပြောသည်။

ရန်နိုင်ဦးသည် ဇေယျာရွှေမြေ လူငယ်အသင်းမှ ပေါ်ထွက် လာခဲ့သော လူငယ်ကစားသမား တစ်ဦးဖြစ်ပြီး ပြီးခဲ့သည့် အာရှ ယူ-၁၉ ဘောလုံးပြိုင်ပွဲတွင်လည်း အသင်းနှင့်အတူ ခြေစွမ်းပြနိုင် ခဲ့သည်။

နယူးဇီလန် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပထမဆုံး အဖွင့်ဂိုး သွင်းယူနိုင်ခဲ့သည့်အတွက် ရန်နိုင်ဦးက “ တော်တော်လေး ပျော်ပါတယ်။ ကစားဖော်တွေ ဘေးနားရောက်လာပြီး အောင်ပွဲခံကြချိန် မှာခံစားချက်က ပြောမပြတတ်အောင်ပါပဲ။ ဒါပေမဲ့ ဒီနေ့ပွဲ ရှုံးခဲ့လို့ ရည်မှန်းချက် မပြည့်ခဲ့ပါဘူး။ နောက်ပွဲတွေမှာ ရလဒ်ကောင်းဖို့ ဆက်ကြိုးစားပါ့မယ် ” ဟု သူ၏ ခံစားချက်ကို ပြောသည်။

မြန်မာ ယူ-၂၀ အသင်းသည် အုပ်စုအဖွင့်ပွဲတွင် အမေရိကန် ယူ-၂၀ အသင်းကို ၂-၁ ဖြင့် ရှုံးနိမ်ခဲ့သည့်အတွက် လက်ရှိတွင် ရမှတ် တစ်မှတ်မှ မရရှိသေးဘဲ အုပ်စုအမှတ်ပေးဇယား အောက်ဆုံးတွင် ရပ်တည်လျက်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly