အဲဗာတန်အသင်းနှင့် ဂျာဂျီရယ်ကာ တစ်နှစ်သက်တမ်းတိုး

အဲဗာတန်အသင်းနှင့် ဂျာဂျီရယ်ကာ တစ်နှစ်သက်တမ်းတိုး

ဇွန် ၂၀၊ လီဗာပူးလ်။ ။ နောက်ခံလူ ဖီးလ်ဂျာဂျီရယ်ကာသည် အဲဗာတန်အသင်းနှင့် လက်ရှိစာချုပ်ကိုတစ်နှစ်ထပ်မံသက်တမ်းတိုးလိုက်ရာ ဂူဒီဆင်ပါ့ခ်ကွင်းတွင် ၂၀၁၈ ခုနှစ်အထိရှိနေ တော့မည်ဖြစ်သည်။

လွန်ခဲ့သည့်ရှစ်နှစ်က ရှက်ဖီးယူနိုက်တက်မှ ပေါင်လေးသန်းဖြင့်ပြောင်းလာသည့် ဂျာဂျီရယ်ကာသည် ပြီးခဲ့သောဘောလုံးရာသီက အဲဗာတန် အသင်း၏ အကောင်းဆုံးကစားသမားဆုကို ရရှိထားသူဖြစ်သည်။

"လိုချင်တာရတဲ့ခံစားမှုက အမြဲတမ်းကောင်းမွန်ပါတယ်။ စာချုပ်တစ်နှစ်ထပ်တိုးခံရတာက ကျွန်တော့်ကိုပိုကောင်းအောင် ကြိုးစားချင်စိတ်ပေါ်စေပြီး ကစားလို့ရသမျှ ကာလရှည်ကစားနိုင်အောင်လည်း ကြိုးစားသွားမယ်။ စာချုပ်ကိစ္စအတွက် ကြာကြာဆွေးနွေးစရာတောင်မလိုလိုက်ဘူး။ နာရီပိုင်းမပြောနဲ့ နှစ်မိလောက်ပဲကြာလိုက်တယ်။ ကျွန်တော်ဒီနေရာကိုချစ်တယ်။ ဒီမှာပဲနေချင်တယ်။ အသင်းကလည်းဒီလိုသဘော ထားတယ်ဆိုတော့ ကျေးဇူးလည်းတင်တယ်"ဟု အဲဗာတန်ဝက်ဘ်ဆိုက်သို့ ဂျာဂျီရယ်ကာကပြောသည်။

အသက် ၃၂ နှစ်အရွယ်ရှိ ဂျာဂျီရယ်ကာသည် အင်္ဂလန်လက်ရွေးစင်အဖြစ် ၃၆ ပွဲကစားခွင့်ရထားပြီး အဲဗာတန်အသင်းအတွက် ပွဲပေါင်း ၃၀၀ နီးပါးကစားထားသည်။ ဂျာဂျီရယ်ကာသည် ဖီးလ်နဗီးအနားယူသွားပြီးနောက်ပိုင်း အဲဗာတန်အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူနေသူ လည်းဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly