ပြင်သစ်လိဂ်ပထမဆုံးအဖွင့်ပွဲစဉ်တွင် လိုင်လီနှင့် ပီအက်စ်ဂျီတို့ တွေ့ဆုံနေ

ပြင်သစ်လိဂ်ပထမဆုံးအဖွင့်ပွဲစဉ်တွင် လိုင်လီနှင့် ပီအက်စ်ဂျီတို့ တွေ့ဆုံနေ

ပြင်သစ်၊ ဇွန် ၂၀။ ။ ၂၀၁၅-၁၆ ရာသီအတွက် ပြင်သစ်လိဂ်-၁ ပွဲစဉ်ဇယားများကို ထုတ်ပြန်ကြေညာခဲ့ရာ လက်ရှိချန်ပီယံ ပီအက်စ်ဂျီအသင်းသည် အဖွင့်ပွဲစဉ်(၁)တွင် အသင်းကောင်းတစ်သင်းဖြစ်သည့် လိုင်လီအသင်းနှင့် တွေ့ဆုံလျက်ရှိပြီး အဝေးကွင်းတွင် သွားရောက်ကစား ရမည် ဖြစ်သည်။

ပြီးခဲ့သည့်ရာသီက ဒုတိယရခဲ့သော လိုင်ယွန်အသင်းမှာ အိမ်ကွင်းတွင် လိုရီယန့်အသင်းကို လက်ခံကစားရမည် ဖြစ်ပြီး တတိယ ရခဲ့သည့် မိုနာကို အသင်းမှာမူ နိုက်စ်နှင့် အဝေးကွင်းတွင် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ပြင်သစ်လိဂ်-၁ သို့ တန်းတက်လာခဲ့သည့် သုံးသင်းတွင် အန်းဂါးစ်အသင်းမှာ မောင့်ပယ်လီယာအသင်းနှင့် အဝေးကွင်းတွင် ပထမဆုံး ကစားရမည်ဖြစ်ပြီး ကျန်နှစ်သင်းဖြစ်သည့် ထရွိုင်ယက်စ်နှင့် အဂျက်စီယိုအသင်းတို့မှာ ထိပ်တိုက်တွေ့ဆုံလျက်ရှိသည်။

ပီအက်စ်ဂျီအသင်းသည် ပွဲစဉ် ၄ တွင် မိုနာကိုအသင်းနှင့်ကစားရမည် ဖြစ်ပြီး  ပွဲစဉ် ၉ တွင် မာဆေးလ်အသင်းနှင့် တွေ့ဆုံရမည်ဖြစ်သည်။ ထို့နောက် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် လိုင်ယွန်အသင်းနှင့် ပွဲစဉ် ၁၈ အဖြစ် တွေ့ဆုံရမည် ဖြစ်သည်။

ပီအက်စ်ဂျီနှင့် အဖွင့်ပွဲတွင်တွေ့ဆုံရမည့် လိုင်လီအသင်းမှာလည်း အဖွင့်ပွဲစဉ်မှစ၍ ဆက်တိုက်ပွဲကျပ်လျက်ရှိသည်။ ပထမဆုံး ပီအက်စ်ဂျီနှင့် အိမ်ကွင်းတွင် ကစားပြီးနောက် ပွဲစဉ် ၂ တွင် မိုနာကိုနှင့် အဝေးကွင်း၊ ပွဲစဉ် ၃ တွင် ဘော်ဒိုးနှင့် အိမ်ကွင်းပွဲစဉ်များ ကစားရမည် ဖြစ်သည်။

ပြင်သစ်လိဂ်-၁ ပွဲစဉ်များကို သြဂုတ်လ ၈ ရက်နေ့တွင် စတင်ကစားမည် ဖြစ်ပြီး မေလ ၁၄ ရက်နေ့တွင် ပြီးဆုံးမည် ဖြစ်သည်။

၂၀၁၅-၁၆ ပြင်သစ်လိဂ်-၁ အဖွင့်ပွဲစဉ်(၁၀)ပွဲ
----------------------------------------------
ဘက်စ်တီယာ - ရင်းနက်စ်
ဘော်ဒိုး - ရိမ်းစ်
အဂျက်စီယို - ထရွိုင်ယက်စ်
လိုင်လီ - ပီအက်စ်ဂျီ
လိုင်ယွန် - လိုရီးယန့်စ်
မာဆေးလ် - ကိန်း
မောင့်ပယ်လီယာ - အန်းဂါးစ်
နန့်တက်စ် - ဂူအင်ဂမ့်
နိုက်စ် - မိုနာကို
တူးလော့စ် - စိန့်အက်တီနီ

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly