ပထမဆုံးထုတ်ပယ်ခံရမည့် ပရီးမီးယားလိဂ်နည်းပြအဖြစ် ရော်ဂျာ ထိပ်ဆုံးမှ ရေပန်းစား

ပထမဆုံးထုတ်ပယ်ခံရမည့် ပရီးမီးယားလိဂ်နည်းပြအဖြစ် ရော်ဂျာ ထိပ်ဆုံးမှ ရေပန်းစား

အင်္ဂလန်၊ ဇွန် ၁၈ ။      ။ ပရီးမီးယားလိဂ်ပွဲစဉ်ဇယားများ ထွက်ပေါ်လာပြီးနောက်တွင် လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာသည် ပရီးမီးယားလိဂ်၏ ပထဆုံးထုတ် ပယ်ခံရသော နည်းပြဖြစ်လာမည်ဟု ထိပ်ဆုံးမှ ရေပန်းစားလျက်ရှိသည်။

ပြီးခဲ့သည့်ရာသီပြီးဆုံးချိန်ကတည်းကရာထူးမှ ထုတ်ပယ်ခံရဖွယ်ရှိသည်ဟု ရေပန်းစားခဲ့သော်လည်းရော်ဂျာကို လီဗာပူးလ်အသင်း ပိုင်ရှင် ဂျွန်ဟင်နရီက ဆက် လက်ထောက်ခံပေးထားခဲ့သည်။

သို့သော် ထွက်ပေါ်လာသည့် ပရီးမီးယားလိဂ်ပွဲစဉ်ဇယားအရ လီဗာပူးလ်အသင်းသည် ပထမဆုံးပွဲစဉ်တွင် ပြီးခဲ့သည့်ရာသီနောက်ဆုံးပွဲစဉ်က ၆-၁ ဂိုးဖြင့် ဂိုးပြတ် ရှုံးနိမ့်ခဲ့ရသော စတုခ်စီးတီးအသင်းကို အဝေးကွင်းတွင်သွားရောက်ယှဉ်ပြိုင်ရမည် ဖြစ်ပြီး နိုဝင်ဘာလမကုန်ခင်မှာပင် အာဆင်နယ်၊ မန်ယူ၊ အဲဗာတန်၊ စပါး၊ ချယ်လ်ဆီး၊ မန်စီးတီးအသင်းတို့နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည့်အတွက် အလွန်ရုန်းကန်ရမည့် အနေအထားဖြစ်သည်။

ထို့ကြောင့် ကမ္ဘာကျော်လောင်းကစားဒိုင်တစ်ခုဖြစ်သည့် PaddyPower က ပထမဆုံးထုတ်ပယ်ခံရမည့် နည်းပြအဖြစ် ထိပ်ဆုံးမှ ၅ လေး ၂ လေးပေးထားသည်။

စတာလင်းကို မန်စီးတီးအသင်းက ပြောင်းရွှေ့ကြေးတိုးမြှင့်ကမ်းလှမ်းလိုက်သည့် သတင်းကလည်း လီဗာပူးလ်ပရိသတ်များကို ပိုမိုစိတ်ပျက်စေခဲ့ပြီး ရော်ဂျာထုတ် ပယ်ခံရနိုင်သည့် အဓိက အကြောင်းအချက်တစ်ခု ဖြစ်လာဖွယ်ရှိနေသည်။

ရည်ညွှန်း ပန်ဒစ်အရီနာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly