ဘိုကာဂျူနီယာတွင်ကစားရန် အာဂျင်တီးနားသို့ပြန်လိုဟု တီဗက်ဇ်ပြော

ဘိုကာဂျူနီယာတွင်ကစားရန် အာဂျင်တီးနားသို့ပြန်လိုဟု တီဗက်ဇ်ပြော

ဇွန် ၁၈၊ တူရင်။ ။ ဘိုကာဂျူနီယာအသင်းတွင်ကစားရန် အာဂျင်တီးနားသို့ပြန်လိုသည်ဟု တိုက်စစ်မှူးတီဗက်ဇ်က ဂျူဗင်တပ်စ်အသင်းအား ပြောဆိုလိုက်သည်။ အသက် ၃၁ နှစ် အရွယ်ရှိယင်းတိုက်စစ်မှူးသည် ဂျူဗင်တပ်စ်နှင့်တစ်နှစ်စာချုပ်သက်တမ်းကျန်နေသေးပြီး လက်ရှိအချိန်တွင် ဘိုကာဂျူနီယာ အသင်းအနေဖြင့် တီဗက်ဇ်ကိုကမ်းလှမ်းမည်လား သို့မဟုတ် အလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်နိုင်ရန် တစ်နှစ်စောင့်ဆိုင်းမည်လားဆိုသည်ကို ဆုံးဖြတ်ရမည်ဖြစ်သည်။

ဘိုကာဂျူနီယာဥက္ကဋ္ဌ ဒန်နီရယ်အန်ဂျယ်လီဆီက တီဗက်ဇ်ကို ကိုပါအမေရိကဖလားပြိုင်ပွဲဝင် အာဂျင်တီးနားနှင့်အတူအာရုံစိုက်စေချင်သည့် အတွက် အပြောင်းအရွှေ့ကိစ္စမဆွေးနွေးလိုဟု ပြောထားပြီး လာမည့်ရက်သတ္တပတ်များအတွင်း ဂျူဗင်တပ်စ်နှင့် ဘိုကာဂျူနီယာအသင်းတို့ တွေ့ဆုံဆွေးနွေးသွားဖွယ်ရှိနေသည်။

ဂျူဗင်တပ်စ်အသင်းသည် တီဗက်ဇ်ထွက်ခွာသွားပါက အစားထိုးနိုင်ရန် အာဂျင်တီးနားတိုက်စစ်မှူးတစ်ဦးဖြစ်သည့် ပါလာမိုမှ ဒိုင်ဘာလာကို ခေါ်ယူထားပြီး အက်သလက်တီကိုတိုက်စစ်မှူး မန်ဇူကစ်ကိုလည်း ခေါ်ယူနိုင်ရန်ဆွေးနွေးနေသည်။

ပြီးခဲ့သည့်ရာသီက ၂၉ ဂိုးသွင်းယူခဲ့သည့် မန်ယူတိုက်စစ်မှူးဟောင်း တီဗက်ဇ်ကို အက်သလက်တီကိုအသင်းကလည်း စိတ်ဝင်စားနေသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly