ဆမ်အလာဒွိုက်စ်၏နေရာတွင် ဘီလစ်ကို နည်းပြသစ်အဖြစ် ၀က်စ်ဟမ်းခန့်အပ်

ဆမ်အလာဒွိုက်စ်၏နေရာတွင် ဘီလစ်ကို နည်းပြသစ်အဖြစ် ၀က်စ်ဟမ်းခန့်အပ်

အင်္ဂလန်၊ ဇွန် ၁၀။ ။ ဝက်စ်ဟမ်းအသင်းသည် ဝါရင့်နည်းပြ ဆမ်အလာဒွိုက်စ်၏နေရာတွင် အသင်း၏ကစားသမားဟောင်း ဘီလစ်ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီ ဖြစ်သည်။

အလာဒွိုက်စ်သည် ဝက်စ်ဟမ်းအသင်းကို ပရီးမီးယားလိဂ်တွင် အဆင့် ၁၂ နေရာသာ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့်အတွက် ရာထူးမှ ထုတ်ပယ်ခံခဲ့ရခြင်း ဖြစ်သည်။ ဝက်စ်ဟမ်းအသင်းသည် ဘီလစ်ကို သုံးနှစ်စာချုပ် ချုပ်ဆိုခဲ့သည်။

စာချုပ်ချုပ်ဆိုပြီးနောက်တွင် ဘီလစ်က 'ဒီနေရာက အလုပ်လုပ်ကိုင်ဖို့ အကောင်းဆုံးနေရာတစ်ခုပါ။ ကိုယ့်ရဲ့ အိမ်ကို ပြန်လာရသလိုခံစားရပါတယ်' ဟု ပြောသည်။

ဘီလစ်သည် ၁၉၉၆ မှ ၉၇ ခုနှစ်အထိ ဝက်စ်ဟမ်းအသင်းတွင် ပွဲပေါင်း ၅၄ ပွဲ ပါဝင်ကစားခဲ့သူ ဖြစ်သည်။ နည်းပြဘဝတွင် ခရိုအေးရှားလက်ရွေးစင်အသင်းကို ခြောက်နှစ်ကြာကိုင်တွယ်ခဲ့ပြီး ထိုကာလအတွင်း အင်္ဂလန်အသင်းကို ၂ ကြိမ် အနိုင်ရရှအောင် စွမ်းဆောင်နိုင်ခဲ့သည်။ ထို့နောက်တွင် လိုကိုမိုးတစ်မော်စကိုအသင်းနှင့် ဘီဆစ်တပ်စ်အသင်းများကို ကိုင်တွယ်ခဲ့သည်။

'ဝက်စ်ဟမ်းနည်းပြရာထူးက ကြီးမားတဲ့ အခွင့်အရေးဖြစ်သလို ကြီးမားတဲ့ တာဝန်ယူမှုလည်း ဖြစ်ပါတယ်။ အသင်းဘုတ်အဖွဲ့၊ ကစားသမားနဲ့ ပရိသတ်တွေအားလုံးအတွက် တိုးတက်အောင် စွမ်းဆောင်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဝက်စ်ဟမ်းအသင်းတာဝန်ရှိသူတွေက ကျွန်တော့်ကို အမှန်တကယ်အလိုရှိနေလို့ ဒီကိုလာဖို့ ဆုံးဖြတ်ရတာ လွယ်ပါတယ်။ ဝက်စ်ဟမ်းပရိသတ်တွေကို ကျွန်တော်ပြောနိုင်တာကတော့ တတ်နိုင်သမျှအစွမ်းကုန်ကြိုးစားပြီး ကြီးမားတဲ့ အောင်မြင်မှုတွေရရှိအောင် အတူတကွ စွမ်းဆောင်သွားမယ် ဆိုတာပါပဲ' ဟုလည်း ဘီလစ်က ပြောသည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly