လီဘာတာဒိုရက်စ်ဖလားနှင့် ချန်ပီယံလိဂ်ဖလား နှစ်ခုစလုံးရယူနိုင်သည့် အဋ္ဌမမြောက်ကစားသမားအဖြစ် နေမာ မှတ်တမ်းဝင်

လီဘာတာဒိုရက်စ်ဖလားနှင့် ချန်ပီယံလိဂ်ဖလား နှစ်ခုစလုံးရယူနိုင်သည့် အဋ္ဌမမြောက်ကစားသမားအဖြစ် နေမာ မှတ်တမ်းဝင်

စပိန်၊ ဇွန် ၈။ ။ ဘရာဇီးတိုက်စစ်မှူး နေမာသည် ချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်ခဲ့သည့်အတွက် ဥရောပတိုက်နှင့် တောင်အမေရိကတိုက်တို့၏ အဆင့်အမြင့်ဆုံး ကလပ်အသင်းပြိုင်ပွဲ ဆုတံဆိပ်များကို ရယူနိုင်သည့် အဋ္ဌမမြောက် ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။

နေမာသည် ၂၀၁၁ ခုနှစ်က တောင်အမေရိကတိုက်ချန်ပီယံလိဂ်ဖလားဟု ခေါ်ဝေါ်ကြသော ကိုပါလီဘာတာဒိုရက်စ်ဖလားကို ဆန်းတို့စ်အသင်းနှင့်အတူ ဆွတ်ခူးနိုင်ခဲ့သည်။
ထို့နောက် ဘာစီလိုနာအသင်းသို့ ၂၀၁၃-၁၄ ရာသီတွင် ရောက်ရှိခဲ့ပြီး ယခု ၂၀၁၄-၁၅ ရာသီတွင် ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခြင်း ဖြစ်သည်။ နေမာသည် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် အနိုင်ဂိုးတစ်ဂိုးကို သွင်းယူပေးနိုင်ခဲ့သည်။

နေမာ၏ ရှေ့တွင် ချန်ပီယံလိဂ်နှင့် လီဘာတာဒိုရက်စ်ဖလားတို့ကို ရယူနိုင်ခဲ့သူများမှာ ဘရာဇီးဂိုးသမား ဒီဒါ(ခရူဇီယို၊ အေစီမီလန်)၊ ဘရာဇီးနောက်ခံလူ ကာဖူး(ဆာအိုပေါ်လို၊ အေစီမီလန်)၊ အာဂျင်တီးနားနောက်ခံလူ ဂျူအန်ပါဘလို ဆိုရင်(ရေးဗားပလိတ်၊ ဂျူဗင်တပ်စ်၊ ဘရာဇီးနောက်ခံလူ ရော့ကွေးဂျူနီယာ(ပါးမီးရပ်စ်၊ အေစီမီလန်)၊ အာဂျင်တီးနားတိုက်စစ်မှူး ကားလို့စ်တီဗက်ဇ်(ဘိုကာဂျူနီယာ၊ မန်ယူ)၊ အာဂျင်တီးနားနောက်ခံလူ ဆင်မြူရယ်(ဘိုကာဂျူနီယာ၊ အင်တာမီလန်)နှင့် ဘရာဇီးကွင်းလယ်တိုက်စစ်ကစားသမား ရော်နယ်ဒင်ဟို(ဘာစီလိုနာ၊ အက်သလက်တစ်မင်နဲရိုး) တို့ဖြစ်သည်။

ထို့ကြောင့်နေမာသည် တိုက်နှစ်တိုက်၏ အဆင့်မြင့်ဆုံးဆုဖလားများကို ရယူနိုင်သော ပဉ္စမမြောက် ဘရာဇီးကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။
နေမာ၊ ဒီဒါ၊ ကာဖူး၊ ဆိုရင်၊ တီဗက်ဇ်၊ ရော့ကွေးဂျူနီယာနှင့် ဆင်မြူရယ်တို့မှာ ကိုပါလီဘာတာဒိုရက်စ်ဖလားကို ရရှိပြီးမှ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့ခြင်းဖြစ်သော်လည်း ရော်နယ်ဒင်ဟိုမှာ ဥရောပတွင် အောင်မြင်ပြီးမှ အက်သလက်တစ်မင်နဲရိုးတွင် တစ်ကျော့ပြန် အောင်မြင်မှု ရခြင်း ဖြစ်သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly