နည်းပြအမ်မရီကို ဆီဗီလာအသင်း ၂ နှစ် သက်တမ်းတိုး စာချုပ် ချုပ်ဆို

နည်းပြအမ်မရီကို ဆီဗီလာအသင်း ၂ နှစ် သက်တမ်းတိုး စာချုပ် ချုပ်ဆို

စပိန်၊ ဇွန် ၆။ ။ ဝက်စ်ဟမ်းအသင်းနှင့် ဥရောပထိပ်သီးအသင်းအချို့က ခေါ်ယူရန် အလိုရှိနေသည့် နည်းပြ အမ်မရီကို ဆီဗီလာအသင်းက ၂ နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီ ဖြစ်သည်။

အမ်မရီသည် ဆီဗီလာအသင်းကို ယူရိုပါလိဂ်ပြိုင်ပွဲတွင် ၂ နှစ်ဆက်တိုက်ဗိုလ်စွဲအောင် ကူညီပေးနိုင်ခဲ့ပြီးနောက် ဝက်စ်ဟမ်းအသင်းသို့ ပြောင်းရွှေ့တော့မည်ဟု သတင်းများကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့သည်။ ထို့အပြင် အေစီမီလန်နှင့် နာပိုလီတို့ကဲ့သို့ အသင်းများကလည်း အမ်မရီကို ခေါ်ယူရန် အလိုရှိခဲ့ကြသည်။ သို့သော် နောက်ဆုံးတွင် အမ်မရီသည် ဆီဗီလာအသင်းနှင့်အတူ လာမည့်ရာသီတွင် ချန်ပီယံလိဂ်တိုက်ပွဲဝင်ရန် ဆုံးဖြတ်ခဲ့သည်။

ထိုသတင်းကို ဆီဗီလာအသင်းက ၎င်းတို့၏ အသင်းဝက်ဘ်ဆိုက်မှနေ၍ တရားဝင်သတင်းထုတ်ပြန်ခဲ့သည်။ 'နည်းပြအမ်မရီဟာ သူ့ရဲ့စာချုပ်ကို သက်တမ်းတိုးပြီး အသင်းမှာ ဆက်ရှိနေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့် ဆီဗီလာမှာ ၂၀၁၇ ခုနှစ်အထိ အမ်မရီ ရှိနေတော့မှာပါ' ဟု ကြေညာခဲ့သည်။

အမ်မရီသည် ဆီဗီလာအသင်းကို ၂၀၁၃ ခုနှစ်က စတင်ကိုင်တွယ်ခဲ့ပြီး ၂ နှစ်ဆက်တိုက် ယူရိုပါလိဂ်ဖလားရယူပေးနိုင်ခဲ့သလို လာလီဂါတွင်လည်း အဆင့် ၂ နေရာတွင် ၂ နှစ်ဆက် ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly