ချန်ပီယံအသင်းထက် သုံးဂိုးပိုသွင်းနိုင်ခဲ့သော်လည်း တန်းဆင်းခဲ့ရသည့် အယ်လ်ဂျီးရီးယားကလပ်အသင်း

ချန်ပီယံအသင်းထက် သုံးဂိုးပိုသွင်းနိုင်ခဲ့သော်လည်း တန်းဆင်းခဲ့ရသည့် အယ်လ်ဂျီးရီးယားကလပ်အသင်း

အယ်လ်ဂျီးရီးယား၊ ဇွန် ၂။ ။ တန်းဆင်းခဲ့ရသည့် အသင်းမှာ ချန်ပီယံဖြစ်ခဲ့သည့်အသင်းထက်ပိုမိုဂိုးသွင်းနိုင်ခဲ့သည့်အတွက် အယ်လ်ဂျီးရီးယားလိဂ်ပြိုင်ပွဲမှာ ကမ္ဘာပေါ်တွင် အခက်ခဲဆုံးလိဂ်ပြိုင်ပွဲလားဟု မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။

အယ်လ်ဂျီးရီးယား အမှတ်ပေးလိဂ်ပြိုင်ပွဲတွင် ပွဲစဉ်အားလုံး ပြီးဆုံးသွားချိန် ၌ MC El-Eulma အသင်းမှာ ချန်ပီယံ ES Setif အသင်းထက်သုံးဂိုးပိုမိုသွင်းယူနိုင်ခဲ့သော်လည်း အဆင့် ၁၄ နေရာမှ တန်းဆင်းခဲ့ရသည်။

ထိုလိဂ်ပြိုင်ပွဲတွင် အသင်းပေါင်း ၁၆ သင်းပါဝင်ပြီး အိမ်ကွင်း၊ အဝေးကွင်းနှစ်ကျော့ဖြင့် ပွဲပေါင်း သုံးဆယ်ကစားကာ သုံးသင်းတန်းဆင်း၊ တန်းတက် ပြုလုပ်ရခြင်း ဖြစ်သည်။ MC El-Eulma အသင်းသည် နောက်ဆုံးပွဲစဉ်တွင် ၃-၀ ဂိုးဖြင့် အနိုင်ရခဲ့ပြီး သွင်းဂိုးစုစုပေါင်းမှာ ဂိုးလေးဆယ်အထိရှိခဲ့သော်လည်း တန်းမဆင်းရရန် လုံလောက်ခြင်း မရှိခဲ့ပေ။ ဒုတိယခံစစ်အညံ့ဆုံးအသင်းဖြစ်သော်လည်း ဂိုးကွာခြားချက်တွင် +၄ အထိ ရှိခဲ့သည်။

ရမှတ်စုစုပေါင်း ၃၈ မှတ်ရရှိခဲ့သည်။ MC El-Eulma အသင်းနှင့် အဆင့် ၇ မှ USM Alger အသင်းတို့မှာ ရမှတ်သုံးမှတ်သာ ကွာခြားသည်။ ချန်ပီယံအသင်းနှင့်ဆိုလျှင် ၁၀ မှတ်သာ ကွာခြားသည်။ ချန်ပီယံအသင်းနှင့် အမှတ်ပေးဇယားအောက်ဆုံးမှ အသင်းတို့မှာ စုစုပေါင်း ၁၅ မှတ်သာ ကွာဟသည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ချန်ပီယံအသင်းနှင့် အမှတ်ပေးဇယားအောက်ဆုံးမှ အသင်းမှာ ၅၇ မှတ်ကွာဟခဲ့ပြီး လာလီဂါတွင် ၇၄ မှတ်၊ စီးရီးအေတွင် ၆၈ မှတ်နှင့် ဘွန်ဒက်စ်လီဂါတွင် ၄၈ မှတ်အထိ ကွာဟခဲ့သည်။

ရည်ညွှန်း မယ်ရာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly