အချစ်သစ်ကို ပထမဆုံး ပွဲထုတ်လိုက်တဲ့ မက်အီရွိုင်း

အချစ်သစ်ကို ပထမဆုံး ပွဲထုတ်လိုက်တဲ့ မက်အီရွိုင်း

ဖလော်ရီဒါ၊ ဇွန် ၁။ ။ ကမ္ဘာ့နံပါတ်တစ် ဂေါက်သီးသမား မက်အီရွိုင်းဟာ သူ့ရဲ့ ချစ်သူသစ်နဲ့ လူမြင်ကွင်းကို ပထမဆုံးအကြိမ် ထွက်လာခဲ့ပါတယ်။ မက်အီရွိုင်းရဲ့ ချစ်သူသစ်လေးနာမည်က အီရီကာစတိုးလ်လို့ ခေါ်ပြီး အမေရိကန်သူလေး ဖြစ်ပါတယ်။

ကမ္ဘာကျော်တင်းနစ်မယ် ဝေါ့ဇနီယာကီနဲ့ ပြတ်ဆဲပြီးတဲ့နောက်မှာ မက်အီရွိုင်းရဲ့ အချစ်ဇာတ်လမ်းဟာ မီဒီယာစာမျက်နှာတွေ ထက်ကနေ ပျောက်ကွယ်နေခဲ့ပြီး အခုမှ ရုတ်တရက်ပြန်လည်ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဒီလို ရုတ်တရက်ထွက်ပေါ်လာတယ်ဆိုပေမယ့်လည်း မက်အီရွိုင်းနဲ့ အီရီကာတို့ ချိန်းတွေ့ခဲ့ကြတာ လွန်ခဲ့တဲ့ ခြောက်လလောက် ကတည်းက ဖြစ်ပါတယ်။ အီရီကာဟာ ပရော်ဖက်ရှင်နယ်ဂေါက်သီးသမားအစည်းအရုံးအတွက် အလုပ်လုပ်နေသူဖြစ်လို့ ဂေါက်သီးအကျော်အမော် မက်အီရွိုင်းနဲ့ တွေ့ဆုံသွားတာ သိပ်တော့ မဆန်းကျယ်လှပါဘူး။

သူတို့နှစ်ဦးဟာ နှစ်သစ်ကူးညကို ခမ်းနားလှတဲ့ ဟိုတယ်ကြီးမှာ အတူတကွ ပျော်ရွှင်စွာဖြတ်သန်းခဲ့ကြပြီးပါပြီ။ မက်အီရွိုင်းကတော့ အီရီကာနဲ့ စပြီး ချိန်းတွေ့ခဲ့တဲ့ အချိန်ကတည်းက ပျော်ရွှင်ခဲ့ရတယ်လို့ ဆိုပါတယ်။

မြောက်အိုင်ယာလန်နိုင်ငံသားဖြစ်တဲ့ မက်အီရွိုင်းဟာ အီရီကာကို ဘယ်လောက်တောင် စွဲလန်းနေသလဲဆိုရင် သူမကို တွေ့ရဖို့ အတွက် ဖလော်ရီဒါက Palm Beach မှာပဲ အချိန်အများစုကို ကုန်ဆုံးစေခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly