ပီယာလို၏နေရာတွင် အစားထိုးရန် အော်စကာကို ဂျူဗင်တပ်စ်ခေါ်ယူလို

ပီယာလို၏နေရာတွင် အစားထိုးရန် အော်စကာကို ဂျူဗင်တပ်စ်ခေါ်ယူလို

အီတလီ၊ မေ ၃၀။ ။ စီးရီးအေနှင့် ကိုပါအီတာလီယာချန်ပီယံ ဂျူဗင်တပ်စ်အသင်းသည် အသက်အရွယ်ကြီးရင့်နေပြီဖြစ်သည့် ဝါရင့်ကွင်းလယ်ကစား သမား ပီယာလို၏နေရာတွင် အစားထိုးရန်အတွက် ချယ်လ်ဆီးမှ အော်စကာကို ခေါ်ယူလိုလျက်ရှိနေသည်။

အသက် ၃၆ နှစ်ရှိပြီဖြစ်သည့် ပီယာလိုသည် ယခုအချိန်အထိ ဂျူဗင်တပ်စ်အသင်း၏ အဓိက ကွင်းလယ်လူအဖြစ် ရှိနေသေးသော်လည်း ၎င်းကို အမေရိကန် မေဂျာလိဂ်ကလပ် နယူးယော့ခ်စီးတီးအသင်းက ခေါ်ယူရန် ကြိုးပမ်းလျက်ရှိသည်။

အသက် ၂၃ နှစ်အရွယ်သာရှိသေးသည့် အော်စကာသည် ချယ်လ်ဆီးအသင်းသို့ ၂၀၁၂ ခုနှစ်က ပြောင်းရွှေ့ကြေး ပေါင် ၁၉ သန်းဖြင့် ရောက်ရှိခဲ့ပြီး စတမ်းဖို့ဒ်ဘရစ်ချ်တွင် အဓိက ကွင်းလယ်ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနေသူဖြစ်သည်။

အော်စကာက ချယ်လ်ဆီးအသင်းတွင် ပျော်ရွှင်နေသည်ဟုလည်း ပြောဆိုထားသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly