ဘာလော့တယ်လီ၏ ပရီးမီးယားလိဂ်သွင်းဂိုးတစ်ဂိုးတန်ဖိုးမှာ ပေါင်သန်း ၂၀ တန်ဖိုးရှိ

ဘာလော့တယ်လီ၏ ပရီးမီးယားလိဂ်သွင်းဂိုးတစ်ဂိုးတန်ဖိုးမှာ ပေါင်သန်း ၂၀ တန်ဖိုးရှိ

အင်္ဂလန်၊ မေ ၃၀။ ။ ဒေးလီးမေးလ်သတင်းစာသည် ပရီးမီးယားလိဂ်တိုက်စစ်မှူးများ၏ သွင်းဂိုးတန်ဖိုးများကို တွက်ချက်ခဲ့ရာတွင် လီဗာပူးလ်တိုက်စစ်မှူး ဘာလော့တယ်လီ၏ သွင်းဂိုးတစ်ဂိုးတန်ဖိုးမှာ ပေါင်သန်း ၂၀ တန်ကြေးရှိနေသည်။

ကစားသမား၏ပြောင်းရွှေ့ကြေး၊ လစာငွေ နှစ်ရပ်ပေါင်းကို သွင်းဂိုးအရေအတွက်ဖြင့် ပြန်စားခြင်း ဖြစ်သည်။
ဘာလော့တယ်လီသည် အေစီမီလန်အသင်းမှ လီဗာပူးလ်သို့ ပြောင်းရွှေ့ကြေး ၁၆ သန်း ဖြင့် ပြောင်းရွှေ့ခဲ့ပြိး လစာငွေမှာ ပျမ်းမျှ ပေါင် ၅ သန်းရရှိခဲ့သည်။ ဘာလော့တယ်လီသည် ယခုရာသီတွင် ပရီးမီးယားလိဂ်သွင်းဂိုးတစ်ဂိုးသာ သွင်းယူနိုင်ခဲ့သည့်အတွက် ၎င်း၏သွင်းဂိုးတစ်ဂိုးတန်ဖိုးမှာ ပေါင်သန်း ၂၀ ကျော်လျက်ရှိသည်။

ဘာလော့တယ်လီ၏နောက် ဒုတိယလိုက်နေသူမှာ မန်စီးတီးတိုက်စစ်မှူး ဘိုနီဖြစ်သည်။ ဘိုနီ၏ပြောင်းရွှေ့ကြေးမှာ ပေါင်သန်း ၃၀ ဖြစ်ပြီး ၂ ဒသမ ၆ သန်းဖြစ်သည်။ ၎င်းသည် သွင်းဂိုးနှစ်ဂိုးသာ သွင်းယူနိုင်ခဲ့သည့်အတွက် ဂိုးတစ်ဂိုး၏ တန်ဖိုးမှာ ပေါင် ၁၆ သန်းကျော် ဖြစ်သည်။
ဘိုနီ၏နောက်တွင် နယူးကာဆယ်တိုက်စစ်မှူး ရီဗီရီ၊ အာဆင်နယ်တိုက်စစ်မှူး ဝဲလ်ဘတ်၊ လက်စတာတိုက်စစ်မှူး ကရာမာရစ်တို့ရှိနေပြီး မန်ယူတိုက်စစ်မှူး ဖယ်လ်ကာအိုမှာ အဆင့် ၆ နေရာတွင် ရှိနေသည်။

မန်ယူအသင်းမှာ ဖယ်လ်ကာအိုအတွက် ပြောင်းရွှေ့ကြေးမပေးရသော်လည်း လစာငွေမှာ ပေါင် ၁၄ သန်းကျော်ပေးချေခဲ့ရသည်။ ဖယ်လ်ကာအိုမှာ ပရီးမီးယားလိဂ်ဂိုး လေးဂိုးသာသွင်းနိုင်ခဲ့သည့်အတွက် ဂိုးတစ်ဂိုး၏တန်ကြေးမှာ ၃.၆ သန်းကျော်ဖြစ်သည်။

ဖယ်လ်ကာအို၏နောက်တွင် ဝက်စ်ဟမ်းတိုက်စစ်မှူးဗလင်စီယာ၊ အဲဗာတန်တိုက်စစ်မှူး လူကာကူ၊ လီဗာပူးလ်တိုက်စစ်မှူး ရစ်ကီလမ်းဘတ်နှင့် ဆောက်သမ်တန်တိုက်စစ်မှူး ရှိန်းလောင်းတို့က ထိပ်ဆုံး ၁၀ ဦးအဖြစ် ရပ်တည်ခဲ့ကြသည်။

စတုခ်စီးတီးအသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာသည့် တိုက်စစ်မှူးဒီယော့ဖ်မှာ လစာငွေပေါင် ၂ သန်းသာ ရရှိသော်လည်း ၁၁ ဂိုးအထိသွင်းနိုင်ခဲ့သည့်အတွက် ၎င်း၏ဂိုးတစ်ဂိုးတန်ဖိုးမှာ ပေါင်တစ်သိန်းရှစ်သောင်းကျော်သာရှိပြီး ပရီးမီးယားလိဂ်တိုက်စစ်မှူးများတွင် ဂိုးတန်ဖိုးအနည်းဆုံးဖြစ်ခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly