မင်းသားကြီး Christopher Lee ကွယ်လွန်သွားသဖြင့် ဂျိမ်း(စ်)ဘွန်းမင်းသား ရော်ဂျာမိုး အပါအဝင် အနုပညာရှင်များက ဝမ်းနည်းစကားများ ရေးသား

မင်းသားကြီး Christopher Lee ကွယ်လွန်သွားသဖြင့် ဂျိမ်း(စ်)ဘွန်းမင်းသား ရော်ဂျာမိုး အပါအဝင် အနုပညာရှင်များက ဝမ်းနည်းစကားများ ရေးသား

ရုပ်ရှင်ကြယ်ပွင့် ဆာ Christopher Lee သည် အသက် ၉၃ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ရာ ရုပ်ရှင်မင်းသားကြီး ဆာရော်ဂျာမိုး၊ ဒါရိုက်တာ ဂျော့လူးကပ်(စ်) နှင့် ဒါရိုက်တာ ပီတာဂျက်ဆင်တို့ အပါအဝင် အနုပညာရှင်များက ဝမ်းနည်းစကားများ ဆိုခဲ့ကြသည်။

ရုပ်ရှင်မင်းသားကြီး Christopher Lee သည် ဒရက်ကူလာ သွေးစုပ်ဖုတ်ကောင် ဇာတ်ကားဖြင့် လူသိများခဲ့သူဖြစ်ကာ၊ ဂျိမ်း(စ်)ဘွန်းဇာတ်ကားတွင်လည်း ဗီလိန်ဇာတ်ကောင် Scaramanga အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ထို့ပြင် သူသည် “The Lord of the Rings” ဇာတ်ကားများ နှင့် “Star Wars” ဇာတ်ကားတို့တွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့သည်။

ဂျိမ်း(စ်)ဘွန်းမင်းသား ဆာရော်ဂျာမိုးက သူ၏ မိတ်ဆွေဟောင်း တစ်ဦး ဆုံးရှုံးသွားသည့် အတွက် ဝမ်းနည်းကြောင်း တွစ်တာစာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

ဒါရိုက်တာ ဂျော့လူးကပ်(စ်) ကမူ Christopher Lee မှာ ပြောင်မြောက်သော ဂန္ဓဝင် ဗြိတိသျှ သရုပ်ဆောင် တစ်ဦး ဖြစ်ကြောင်း နှင့် စစ်မှန်သော တကယ့်လူကြီးလူကောင်း တစ်ဦးဖြစ်ကြောင်း ချီးကျူး ပြောဆိုခဲ့သည်။

“The Lord of the Rings” ဒါရိုက်တာ ပီတာဂျက်ဆင် ကမူ သူ၏ ဖေ့(စ်)ဘွတ်(ခ်) စာမျက်နှာတွင် “Christopher Lee ဟာ ပညာရှင်တစ်ဦး၊ အဆိုတော်တစ်ဦး၊ ပုံပြောကောင်းသူ တစ်ဦး နဲ့ ကြီးကျယ်ပြောင်မြောက်တဲ့ ရုပ်ရှင်မင်းသားတစ်ဦး ဖြစ်ပါတယ်” ဟု ချီးကျူးရေးသားခဲ့သည်။

မင်းသားကြီး Christopher Lee မှာ ဇွန်လ ၇ ရက်နေ့က ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly