လျှပ်စစ်ဓါတ်အားချို့ယွင်းမှုကြောင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အင်တာနက်ဆက်သွယ်မှု ပြတ်တောက်ခဲ့

လျှပ်စစ်ဓါတ်အားချို့ယွင်းမှုကြောင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အင်တာနက်ဆက်သွယ်မှု ပြတ်တောက်ခဲ့

ရန်ကုန်(မဇ္ဈိမ)။ ။လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုကြောင့် ပြည်တွင်း၌ အင်တာနက် ဆက်သွယ်ရေးဝန်ဆောင်မှု ပေးနေသည့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT) ၏ အင်တာနက်ဝန်ဆောင်မှု ပြတ်တောက်ခဲ့ရသည်ဟု မြန်မာ့ဆက် သွယ်ရေးလုပ်ငန်း၊ နည်းပညာဌာနမှ အင်ဂျင်နီယာချုပ် ဦးမျိုးဆွေက ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)၏ အင်တာနက်ဝန်ဆောင်မှုသည် ဇွန်လ ၂၀ ရက် မွန်းလွဲ ၁နာရီခန့်မှစ တင်ပြီး လျှပ်စစ်ဓါတ်အား ပြတ်တောက်ခဲ့မှုကြောင့် ချို့ယွင်းပြတ်တောက်မှု ဖြစ်ပွားခဲ့ရသည်ဟု ဦးမျိုးဆွေက ဆိုသည်။

၎င်းက "လျှပ်စစ်မီးပြတ်သွားပေမယ့် UPS ကနေ ဆက်သုံးနေတာ တစ်နာရီလောက်သုံးလို့ ရပါတယ်။ မွန်းလွဲ ၂ နာရီမှာတော့ လုံးဝပြတ်တောက်ခဲ့ပါတယ်။ အခုပြန်လုပ်နေတာ ကြိုးတွေ ဘာတွေ ချိန်းလိုက်ရင်တော့ နောက် နာရီဝက်လောက်အတွင်း ပြန်ရနိုင်ပါတယ်" ဟု ဇွန်လ ၆ ရက် ညနေ ၄ နာရီ ၃၀ မိနစ်က မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားခဲ့သည်။

ဇွန်လ ၂၀ရက် ညနေ ၅နာရီခန့်မှစ၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)၏ အင်တာနက်ဆက်သွယ်မှု ပြန်လည်ရရှိနေပြီ ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly