ကျန်းမာရေး စောင့်ရှောက်မှု စီမံကိန်းအတွက် သြစတြေးလျ အကူအညီ ၄၀ ရာခိုင်နှုန်း လျှော့ချပစ်

ကျန်းမာရေး စောင့်ရှောက်မှု စီမံကိန်းအတွက် သြစတြေးလျ အကူအညီ ၄၀ ရာခိုင်နှုန်း လျှော့ချပစ်
ကရင်ပြည်နယ် ကျေးရွာတစ်ရွာ၏ ဆေးခန်းတွင် ကျန်းမာရေး စောင့်ရှောက်မှုပေးနေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ- အီးပီအေ)

ရန်ကုန်၊ ဇွန် ၉ ။         ။ သြစတြေးလျ အစိုးရက ပြည်ပနိုင်ငံများသို့ ပေးနေသည့် အကူအညီများကို လျှော့ချ လိုက်ခြင်းကြောင့် မြန်မာနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှု စီမံကိန်းအတွက် ပေးနေသည့် အကူအညီ၏ ၄၀ ရာခိုင်နှုန်း ကို လျှော့ချလိုက်ကြောင်း မြန်မာအကြီးဆုံး ဖွံ့ဖြိုးမှု အဖွဲ့အစည်း ဖြစ်သည့် 3MDG Fund က ပြောဆိုလိုက်သည်ဟု သြစတြေးလျ အခြေစိုက် Sydney Morning Herald တွင် ဇွန် ၈ ရက်က ရေးသားထားသည်။

သြစတြေးလျ အစိုးရက လက်ရှိတွင် ဥက္ကဋ္ဌ တာဝန်ယူထားသည့် Three Millennium Development Goal Fund (3MDG) အဖွဲ့အစည်းအတွက် ထည့်ဝင်ရမည့် ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၄၂ သန်း( သြစတြေး လျ ဒေါ်လာ ၅၄ ဒသမ ၉ သန်း)ကို ထည့်ဝင်လိမ့်မည် မဟုတ်ကြောင်း သြစတြေးလျ အစိုးရက မေ ၁၂ ရက်က ကြေညာထားခဲ့သည်။

“ ဒီအတွက်ကြောင့် သြစတြေးလျ နိုင်ငံအနေနဲ့ အဖွဲ့ရဲ့ ရန်ပုံငွေမှာ နောက်ထပ်ခန့်မှန်း အမေရိကန် ဒေါ်လာ ၄၂ သန်းကို ထည့် ဝင်လာတော့မှာ မဟုတ်ပါ။ သြစတြေးလျက အဖွဲ့မှာ ဒုတိယ အများဆုံးရန်ပုံငွေ ထည့်ဝင်တဲ့ နိုင်ငံအဖြစ်တော့ ရှိနေဆဲပါ။ အမေရိကန်ဒေါ်လာ ၄၈ ဒသမ ၂ သန်း ထည့်ဝင်ပေးထားပြီးဖြစ်ပြီး 3MDG ရန်ပုံငွေ ဘုတ်အဖွဲ့ကြီးမှာ ဥက္ကဋ္ဌ အဖြစ်လည်း ရှိနေဆဲပဲ ဖြစ်ပါတယ်” ဟု ရေးသားဖော်ပြထားသည်။

3MDG Fund အဖွဲ့ကြီး၏ စုစုပေါင်း ထည့်ဝင်ငွေ ၁၁ ဘီလီယံအနက် ၅၄ ဒသမ ၉ သန်း လျှော့ချ လိုက်ခြင်းဖြစ်ပြီး လျှော့ချ သည့် နိုင်ငံများ၏ ဖွံ့ဖြိုးမှုကို စောင့်ကြည့်ရမည်ဟု ဆိုသည်။

ယင်းသို့ အကူအညီ လျှော့ချမှုကြောင့် လက်ရှိတွင် သြစတြေးလျက အကူအညီပေးနေသည့် ကျန်းမာရေး စီမံကိန်းများတွင် ပါဝင်သည့် မိခင်နှင့် ကလေး စောင့်ရှောက်ရေး၊ HIV/AIDS၊ ငှက်ဖျားနှင့် တီဘီရောဂါ စီမံကိန်းများတွင် ရုတ်တရက် အကျိုးသက်ရောက်မှု ရှိနိုင်ဦးမည် မဟုတ်ဟု သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဆိုထားသည်။

မြန်မာအစိုးရနှင့်အတူ မိတ်ဖက်လုပ်ကိုင်နေသည့် ယင်းအဖွဲ့ကြီးတွင် ဒိန်းမတ်၊ ဥရောပသမဂ္ဂ၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ဗြိတိန်နှင့် အမေရိကန်နိုင်ငံများမှ နိုင်ငံခြားအကူအညီ ရန်ပုံငွေ မတည်လျက် ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly