နိုုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ အမှုဆောင် ကော်မတီဝင်များ အသစ် ပြန်ရွေးချယ်

နိုုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ အမှုဆောင် ကော်မတီဝင်များ အသစ် ပြန်ရွေးချယ်

ရန်ကုန်၊ မေ ၃၀။     ။ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (FPPS) ၏ အမှုဆောင် ကော်မတီဝင်အားလုံးကို အသစ်ပြန် လည် ရွေးချယ်ပြီးဖြစ်သည်ဟု ယင်းအဖွဲ့မှ ကိုသက်ဦးကမဇ္ဈိမ ကိုပြောသည်။

နိုင်ငံရေးအကျဉ်းသားဟောင်း များအဖွဲ့၏ တတိယအကြိမ်မြောက် အမှုဆောင်သစ် ရွေးချယ် ပွဲကို မေလ ၃၀ ရက်က ရန်ကုန်မြို့ ဇဝနလမ်းဆုံရှိ စမ္မပီရ ဘုန်းတော်ကြီးကျောင်းတွင်ကျင်းပ ခဲ့ခြင်းဖြစ်သည်။

အမှုဆောင်သစ် ရွေးချယ်ပွဲတွင်  ကော်မတီဝင် အဟောင်းများနေရာတွင် အားလုံးအသစ်ပြန်လည် ဖွဲ့စည်းလိုက်သည်ဟုလည်း ကိုသက်ဦးက မဇ္ဈိမကိုပြောသည်။ "လူက အကုန် အသစ်ပြန်လဲလိုက်တာ ။ လူသစ်ရွေးတာ အဆိုပြုတင်တာ ၁၆ ယောက်ကို တစ်ယောက်က မလာတော့ ၁၅ ဦးနဲ့ ကော်မတီ ပြန် ဖွဲ့မယ်"ဟု ၎င်းက ပြောသည်။

အဆိုပါ ၁၅ ဦးကို  မေ ၃၁ ရက်တွင် ကော်မတီ၏ အမှုဆောင် ကဏ္ဍအသီးသီးအတွက် ပြန်လည်ဖွဲ့စည်း သွားမည်ဖြစ် သည်။ နိုင်ငံရေး အကျဉ်းသားဟောင်းများ ကွန်ရက်မှ ဦးထွန်းကြည် က"အမှန်တော့ ညီလာခံကို ပုံမှန်လေး ပြန်လုပ်ဖြစ် တာပေါ့။  နိုင်ငံရေးအဖွဲ့လေးကို ကျစ်ကျစ်လျစ်လျစ် လေးနဲ့ ပြန်ဖွဲ့ဖြစ်လိုက်တာပေါ့" ဟု  မဇ္ဈိမကို ပြောသည်။

အမှုဆောင်အဖြစ်ဝင်ရောက်ယှဉ်ပြိုင်သူများ က မေလ ၂၇ ရက်နောက်ဆုံးထား၍ အဆိုပြုလွှာ တင်သွင်းခြင်းဖြစ်ပြီး  အဖွဲ့ဝင် ၁၆ ဦးက တင်သွင်းခဲ့သည်။

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာမှ စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၂ ခုနှစ် သြဂုတ်လတွင် ဒုတိယ အကြိမ်မြောက် အမှုဆောင်ရွေးချယ်ပွဲကို ပြုလုပ်ခဲ့သည်။

မေ ၃၁ ရက် အမှုဆောင်သစ် ရွေးချယ်ပွဲ အပြီးတွင် လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အခြေအနေနှင့် နိုင်ငံရေး အကျဉ်း သားများ ရင်ဆိုင်နေရသည့် အခြေအနေများ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အပေါ် ပြန်လည်သုံးသပ်ချက်များကို  သဘောထား ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်သွား မည်ဟုလည်း ဦးထွန်းကြည်က ပြောသည်။

ဧပြီလကုန်အထိတွင် မြန်မာနိုင်ငံရှိ အကျဉ်းထောင်များအတွင်း ဆက်လက်ထိန်းသိမ်းခံထားရ သည့် နိုင်ငံရေး အကျဉ်းသား ၁၅၇ ဦးနှင့် တရားရင်ဆိုင်နေရသူ ၄၅၃ ဦးအထိ ရှိနေသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မေလ ၁၃ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags