သဘာဝဓာတ်ငွေ့ ကုဗပေ တစ်သန်း ရန်ကုန်တိုင်းအတွက် ထပ်မံရောင်းပေးမည်

သဘာဝဓာတ်ငွေ့ ကုဗပေ တစ်သန်း ရန်ကုန်တိုင်းအတွက် ထပ်မံရောင်းပေးမည်

နေပြည်တော် (မဇ္ဈိမ) ။ ။ ကုန်တွင်း သဘာဝတ်ဓာတ်ငွေ့မြေမှ သင့်တင့်သောပမဏ ပိုမိုတိုးတက်ထုတ်လုပ်လာနိုင်သဖြင့်  သဘာဓာတ်ငွေ့များကို ရန်ကုန်တိုင်းအတွင်း ယခုလကုန်တွင် ထပ်မံတိုးမြှင့် ရောင်ချပေးသွားမည်ဟု နေပြည်တော် စွမ်းအင်ဝန်ကြီးဌာနတွင် မေလ ၂၂ ရက်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးက ပြောသည်။

“CNG ကုဗပေ တစ်သန်း တိုးချဲ့ဖြန့်ဖြူးပေးသွားမှာဖြစ်ပါတယ်။ အဓိကတော့ မှော်ဘီ၊ တိုက်ကြီး၊ ပဲခူး၊ လှည်ကူးတို့ Mini Bus များနှင့် City Bus များကို ပိတ်ရက်မရှိ ၂၄ နာရီပတ်လုံး ရောင်းချပေးသွားမယ်” ဟု ဒုတိယညွှန်ကြားရေးမှူး ဦးမင်းမင်းဦးက ပြောသည်။

CNG အရောင်းဆိုင်များတွင် စာအုပ်နှင့်ယာဉ်ပါ အိုးနံပါတ် မှန်ကန်မှုရှိရေး၊ အချင်အတွယ် မှန်ကန်မှုရှိစေရေးအတွက် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေလုပ်ငန်း၊ ရန်ကုန်တိုင်း အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများပါဝင်သော အဖွဲ့သုံးဖွဲ့ဖြင့် ရှောင်တခင် စစ်ဆေးမှုလျက်ရှိသည် ဟုဆိုသည်။

ရန်ကုန်တိုင်းအတွင်း မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့အရောင်ဆိုင်များ တည်ဆောက်ခြင်းကို ၂၀၀၄ ခုနှစ်စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၀ ခုနှစ် ခြောက်နှစ်တာကာလတွင် အရောင်းဆိုင်ပေါင်း ၄၀ ဖွင့်လှစ်နိုင်ခဲ့သည်ဟုဆိုသည်။
          
CNG အရောင်ဆိုင်းအသစ်ကို ထောက်ကြန့်တွင် ဖွင့်လှစ်ပေးရခြင်းသည် ရန်ကုန်မြို့တွင်းမှ နှင်ထုတ်ထားသည့် မော်တော်ယာဉ်များ အဆင်ပြေစေရန်အတွက် အရောင်းဆိုင်အမှတ် ၀၄၂ ကို  မေ ၃၀ တွင် ၂၄ နာရီရောင်းချပေးသွားမည်ဟုလည်း ပြောသည်။
          
“ရန်ကုန်တိုင်းဒေသကြီးတွင် နေစဉ်ဖြန့်ဖြူပေးလျက်ရှိသော သဘာဝဓာတ်ငွေ့ ကုဗပေ ၂၀ သန်းခန့်အပြင် ထပ်မံတိုးမြှင့် ဖြန့်ဖြူးပေးရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပါတယ်” ဟု ဦးမင်းမင်းဦးကပြောသည်။

သဘာဓာတ်ငွေ့ရောင်းချပေးရခြင်း၏ ရည်ရွယ်ချက်မှာ ကမ္ဘာ့ရေနံဈေးနှုန်း အဆင်မတန်မြင့်မားလာသည်ခြင်းကြောင့် ဓာတ်ဆီ၊ ဒီဇယ်ဆီ သုံးစွဲမှုကိုလျော့ချနိုင်ရန် အတွက် လုပ်ဆောင်ပေးခြင်းဖြစ်သည်ဟု သိရသည်။ ရန်ကုန်တိုင်းအတွင်း သဘာဝဓာတ်ငွေ့သုံး မော်တော်ယာဉ် စုစုပေါင်း ၂၆၈၄၉ စီးအထိရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly