အမေရိကန် စျေးကွက်အတွက် Xperia Z4v ကို ထုတ်လုပ်မည်

အမေရိကန် စျေးကွက်အတွက် Xperia Z4v ကို ထုတ်လုပ်မည်

ကမ္ဘာကျော် နည်းပညာကုမ္ပဏီ ဆိုနီက Xperia Z4v ကို အမေရိကန်နိုင်ငံ ဈေးကွက်အတွက် ထုတ်လုပ်သွားမည်ဟု The Verge သတင်းဌာနက ဖော်ပြထားသည်။

Xperia Z4v ကို အမေရိကန်ဈေးကွက်အတွင်း၌ ၂၀၁၅ နွေရာသီကာလ အကုန်ပိုင်းတွင် ရောင်းချသွားမည် ဟုလည်း The Verge သတင်းက ဆိုထားသည်။

သို့သော်လည်း Xperia Z4v သည် ပုံမှန်ထက် ပိုမိုထူပြီး လေးမည်ဟုဆိုသည်။ Xperia Z4v တွင် Snapdragon 810 Processor ကို အသုံးပြုထားပြီး RAMအနေဖြင့် 3GB ပါဝင်မည်ဖြစ် သည်။ ကင်မရာအရည်အသွေး 20MP ရှိမည်ဖြစ်ပြီး ရေနှင့် ဖုန်မဝင်စေရန်အတွက် အကာအကွယ်ပေးနိုင် မည် ဖြစ်သည်။

ဘက်ထရီအရည်အသွေး 3000 mAh ကို အသုံးပြုထားပြီး ကြိုးမဲ့အားသွင်းစနစ်လည်း ပါဝင်မည်ဖြစ်သည်။ မျက်နှာပြင် အရည်အသွေး 2560 x1440 pixels ရှိမည်ဟုလည်း သတင်းများက ဆိုထားသည်။ Xperia Z4v တွင် Android OS ၏ နောက်ဆုံးဗားရှင်း Lollipop ကို အသုံးပြုထားသည်။

ယခုထုတ်လုပ်မည့် Xperia Z4v သည် ၂၀၁၄ ခုနှစ်က ထုတ်လုပ်ခဲ့သည့် Z3v နှင့် ဒီဇိုင်းပိုင်းများစွာတူညီမှု ရှိသည်ဟုလည်း သတင်းများက ဆိုထားသည်။

ဆိုနီက လာမည့်နှစ်တွင်လည်း Xperia Z5v ကို အမေရိကန်ဈေးကွက်အတွက် ထုတ်လုပ်သွားရန် ရှိသည်ဟု The Verge သတင်းဌာနက ဖော်ပြထားသည်။

ဆိုနီ၏ Xperia Z4 ထုတ်လုပ်မည့်ကာလကို စက်တင်ဘာလသို့ ရွှေ့ဆိုင်းထားသည်ဟုလည်း သတင်းများက ဖော်ပြခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly