အက်ပဲက စက်တင်ဘာ ၂၅ တွင် အိုင်ဖုန်း ၆ အက်စ် ကို ထုတ်မည်ဟု သတင်းထွက်ပေါ်

အက်ပဲက စက်တင်ဘာ ၂၅ တွင် အိုင်ဖုန်း ၆ အက်စ် ကို ထုတ်မည်ဟု သတင်းထွက်ပေါ်

လန်ဒန်၊ ဇွန် ၉ ။      ။ Apple က ၂၀၁၄ ခုနှစ်အတွင်း iPhone 6 နှင့် 6Plus ကို ထုတ်လုပ်ခဲ့ပြီး ၂၀၁၅ ခုနှစ်၊ စက်တင်ဘာ ၂၅ ရက်တွင် iPhone 6s ကို ထုတ်လုပ်လိမ့်မည်ဟုလည်း သတင်းများက ခန့်မှန်း ဖော်ပြထားသည်။

သတင်းပေါက်ကြားချက်များအရ iPhoen 6s ကို စက်တင်ဘာ ၁၈ ရက်မှ စတင်ကာ ကြိုတင်မှာယူနိုင်လိမ့်မည် ဟုလည်း သတင်း များက ဖော်ပြကြသည်။ iPhone 6s ၏ အသေးစိတ် အချက်အလက်များနှင့် ဒီဇိုင်းကိုမူ မသိရှိရသေးပေ။ Apple က ၂၀၁၆ ခုနှစ် တွင်လည်း iPhone 6C ကို ထုတ်လုပ်လိမ့်မည်ဟု သတင်းများက ခန့်မှန်းထားသည်။

ကမ္ဘာ့စမတ်ဖုန်း ဈေးကွက်အတွင်း ဈေးကွက်ဝေစုရယူနိုင်မှုတွင် တောင်ကိုရီးယားအခြေစိုက် နည်းပညာကုမ္ပဏီ ဆမ်ဆောင်းက ဦးဆောင်နေပြီး Apple က ဒုတိယနေရာတွင် ရှိနေခဲ့သည်။

ကမ္ဘာ့အကြီးဆုံးစမတ်ဖုန်း ဈေးကွက်ဖြစ်သည့် တရုတ်နိုင်ငံဈေးကွက်အတွင်း၌မူ Apple ၏ iPhone 6 က ရောင်းအား အကောင်း ဆုံးနေရာတွင် ရပ်တည်နေနိုင်ခဲ့သည်။

၂၀၁၅ ပထမ လေးလအတွင်း စစ်တမ်းများအရ ဆမ်ဆောင်းနှင့် Apple တို့၏ ဈေးကွက်ဝေစုများ ကျဆင်းခဲ့သော်လည်း ဈေးကွက် ကို ဦးဆောင်နေနိုင်ဆဲ ဖြစ်သည်ဟု သတင်းများက ဖော်ပြကြသည်။

ကမ္ဘာ့ စမတ်ဖုန်း ဈေးကွက်အတွင်း ဆမ်ဆောင်းက ပထမ နေရာမှ ဦးဆောင်နေပြီး Apple က ဒုတိယ ဈေးကွက် ဝေစုအများဆုံး ရရှိထားသည်။

၂၀၁၅ နည်းပညာ ဈေးကွက်သည် စမတ်နာရီများ ထုတ်လုပ်ရောင်းချမှုတွင် ယှဉ်ပြိုင်မှု ပိုမိုအားကောင်း လာလိမ့်မည်ဟု လေ့လာ သူများက သုံးသပ်ခဲ့ကြပြီး လက်ရှိအချိန်တွင်လည်း Apple အပါအဝင် နည်းပညာကုမ္ပဏီ အများစုက စမတ်နာရီသစ်များကို မိတ်ဆက်ထားကြသည်။ ဆမ်ဆောင်းကလည်း စမတ်နာရီသစ်တစ်လုံး ထုတ်လုပ်ရန် လုပ်ဆောင်လျက်ရှိနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags