ဆန်ဖရန်စစ္စကို၊ ဧပြီ ၈ ။ ။ Apple သည် Spotify ၊ Pandora နှင့် အခြား ထူထောင်ခိုင်မာပြီးသား ဂီတ ဝက်ဘ်ဆိုက်ကြီး များကို စိန်ခေါ်မည့် iPhone ထုတ်လုပ်သူဖြစ်ရာ ၎င်း၏ သြဇာအပေါ်တွင် အခြေခံတည်ဆောက်ထား သည့် အဆင့်မြင့် ဂီတဝန်ဆောင်မှုတစ်ခုကို ချပြမည် ဖြစ်သည်။
၂၀၀၃ ခုနှစ် ပထမဆုံး ပွဲထွက်လာကတည်းက iTunes ကို အကြီးမားဆုံး ပြင်ဆင်ထားသည့် ယင်းဝန်ဆောင်မှုမှာ လစဉ်ကြေး ၁၀ ဒေါ်လာမျှဖြင့် တေးဂီတကို နားဆင်နိုင်သည့် အခွင့်အရေးလည်း ပါဝင်နေသည်။
ဝေဖန်သုံးသပ်သူများ၏ ပြောကြားချက်အရ တံဆိပ်ပြောင်းထားသော Apple Music ကို တနင်္လာနေ့ ဆန်ဖရန်စစ္စကိုတွင် ကျင်းပမည့် ကုမ္ပဏီ၏ တစ်ပတ်တာ ကမ္ဘာနှင့်အဝန်း Developerများ ညီလာခံ ဖွင့်ပွဲအခမ်းအနားတွင် မိတ်ဆက်သွားမည်ဟု သိရသည်။
Sony Music Entertainment ၏ အမှုဆောင်ချုပ် ဒေါက်မော်ရစ်က ကိန်း၏ စင်ပေါ် အင်တာဗျူးတစ်ခုတွင် Appleသည် Apple Music ဂီတစီးကြောင်း ဝန်ဆောင်မှုကို ချပြရန် အဆင်သင့်ဖြစ်နေပြီဟု ပြောကြားခဲ့သည်။
‘‘Apple Music ဟာ Apple ဂီတစီးကြောင်း ကုမ္ပဏီ ဖြစ်လာလိမ့်မယ်’’ဟု မောရစ်က သူ့၏ ဂီတလုပ်ငန်း အတွေ့အကြုံ အကြောင်း မေးမြန်းသည့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။
‘‘တကယ့်ကို စိတ်ဝင်စားစရာ သတင်းကြီးတစ်ပုဒ်ပဲ။ ဒီလုပ်ငန်းတစ်ခုလုံးအပေါ်မှာ သက်ရောက်မှု ရှိလိမ့်မယ်။ ရေတက် လာတော့ သင်္ဘောအားလုံး မြင့်တက်လာသလိုမျိုးပေါ့’’ဟုလည်း မောရစ်က ထပ်လောင်းပြောကြားခဲ့သည်။
Apple တွင် ဂီတဝန်ဆောင်မှုကို ကြော်ငြာရန် လုံလောက်သော ငွေကြေးရှိနေပြီး၊ iTunes အကောင့်များနှင့် ချိတ်ဆက်ပြီး သား ကြွေးကတ် သန်း ၈၀၀ ခန့်လည်း ရှိနေသည်။ iTunes နှင့် Apple ကိရိယာများကို လူကြိုက်များသောကြောင့်လည်း အပြောကျယ်လှသည့် ပရိသတ်ကြီးကို ဂီတဝန်ဆောင်မှု အသစ်ကို ပြောင်းလဲသုံးစွဲနိုင်စေမယ့် လွယ်ကူသော နည်းလမ်းကို ပံ့ပိုးပေးနိုင်မည် ဖြစ်သည်။
‘‘ဂီတစီးကြောင်း ဝန်ဆောင်မှုအသစ်ကို မြင်ကြရတော့မှာပါ။ ဒီကစားပွဲမှာ Apple က နောက်ကျနေပြီ ဆိုပေမယ့်လည်း ဒါက အဓိက မကျပါဘူး’’ဟုလည်း Gatner ရဲ့ ဝေဖန်သုံးသပ်သူ ဘန် ဘာကာက အေအက်ဖ်ပီကို ပြောကြားသည်။
ဂီတကို လစဉ်ကြေးပေးပြီး နားထောင်သူ အလုံးအရင်း တိုးတက်များပြားလာမှုက ဆယ်စုနှစ် အလွန်ကနဲ့စာလျှင် နှစ်စဉ် ကြုံ့ဝင်နေသောဂီတလုပ်ငန်းနယ်ပယ်ထဲကို ငွေကြေးများ လောင်းသွန်လာ စေလိမ့်မည်ဟုလည်း မောရစ်က သုံးသပ်မျှော်လင့်နေ သည်။