Girls’ Generation အဖွဲ့ဝင်များပါဝင်သော ဖျော်ဖြေရေး အစအီစဉ်တစ်ခု လုပ်ဆောင်ရန် SM အေဂျင်စီ ဆွေးနွေးလျက်ရှိ

Girls’ Generation အဖွဲ့ဝင်များပါဝင်သော ဖျော်ဖြေရေး အစအီစဉ်တစ်ခု လုပ်ဆောင်ရန် SM အေဂျင်စီ ဆွေးနွေးလျက်ရှိ

ရုပ်မြင်သံကြားကွန်ရက် တစ်ခုဖြစ်သော Onstyleသည် SNSDဟု လူသိများသော Girls’ Generation အဖွဲ့ဝင်များ ပါဝင်သော ဖျော်ဖြေရေး အစီစဉ်တစ်ခုကို စတင်ရန် SM ဖျော်ဖြေရေး အေဂျင်စီနှင့် ဆွေးနွေးမှုများ လုပ်ဆောင်လျက်ရှိသည်။

“ ကျွန်တော်တို့ဟာ SNSD အဖွဲ့ဝင်များပါဝင်တဲ့ ဖျော်ဖြေရေး အစီအစဉ်တစ်ခုကို လုပ်ဆောင်ဖို့ ဆွေးနွေးလျက်ရှိပါတယ်။ အဆိုပါအစီစဉ်ကို SNSD ၏ တေးသီချင်းအယ်လ်ဘမ်သစ် ထုတ်ဝေချိန်တွင် လေလှိုင်းမှတစ်ဆင့် ထုတ်လွှင့်သွားမှာဖြစ်ပါတယ်” ရုပ်မြင်သံကြားကုမ္ပဏီ၏ ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်းဖျော်ဖြေရေး မီဒီယာတစ်ခုက ပြောကြားသည်။

အဆိုပါ ဖျော်ဖြေရေးအစီစဉ်ကို ဇူလိုင်လလယ်တွင် ထုတ်လွှင့်သွားရန် စီစဉ်ထားသော်လည်း အဖွဲ့၏ သီချင်းအယ်လ်ဘမ်သစ် ထွက်ရှိမည့် အချိန်ပေါ်မူတည်၍ ထုတ်လွှင့်မည့်ရက် ပြောင်းလဲနိုင် ကြောင်းနှင့် အသေးစိတ်အချက်အလက်များကိုယခုအချိန်ထိ အတည်ပြုပြောကြားခြင်းမရှိပေ။

SNSD သည် ၂၀၀၉ခုနှစ်က Mr.Mr တေးသီချင်း အယ်လ်ဘမ်ကို နောက်ဆုံးထွက်ရှိခဲ့ပြီး နောက် တစ်နှစ်ခွဲအကြာ တွင် တေးသီချင်းအယ်လ်ဘမ်သစ်ကို ထွက်ရှိရန် ပြင်ဆင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly