Apple တေးသီချင်းဝန်ဆောင်မှုတွင် 1989 တေးသီချင်း အယ်လ်ဘမ်ကို တင်သွားမည် မဟုတ်တဲ့ တေလာဆွဇ်

Apple တေးသီချင်းဝန်ဆောင်မှုတွင် 1989 တေးသီချင်း အယ်လ်ဘမ်ကို တင်သွားမည် မဟုတ်တဲ့ တေလာဆွဇ်

ပေါ့ကြယ်ပွင့် တေလာဆွဇ်သည် အောင်မြင်ကျော်ကြားမှု ရရှိခဲ့သည့် ၎င်း၏1989 တေးသီချင်း အယ်လ်ဘမ်ကို မကြာမီစတင်မည့် Appleကုမ္ပဏီ၏ တေးသီချင်း ဝန်ဆောင်မှုတွင် တင်သွားမည် မဟုတ်ကြောင်း တေလာဆွဇ်၏ အေဂျင်စီက ဇွန် ၁၉ရက်တွင်ပြော ကြားခဲ့သည်။

ဇွန်လကုန်တွင် စတင်မည့် Apple တေးသီချင်း ဝန်ဆောင်မှုက သီချင်းများအတွက်  လစဉ်ကြေး အမေရိကန်ဒေါ်လာ ၁၀ဖြင့် ငှားရမ်းသူများကို ကမ်းလှမ်းသွားမည်ဖြစ်သည်။ တေလာ၏ 1989တေးသီချင်းအယ်လ်ဘမ်ကို မည်သည့် တေးသီချင်း ဝန်ဆောင်မှုတွင် မဆိုတင်သွားမည် မဟုတ်ကြောင်း  တေလာ၏ အေဂျင်စီ Big Machine Groupက ပြေကြားသည်။

တေလာသည် ပြီးခဲ့သည့် နှစ်နိုဝင်ဘာလက အွန်လိုင်းတေးသီချင်း ဝန်ဆောင်မှု Spotify မှ ၎င်း၏ တေးသီချင်း အယ်လ်ဘမ် တစ်ခုလုံးကို သိမ်းယူခဲ့ကြောင်းနှင့် အွန်လိုင်းတေးသီချင်း ဝန်ဆောင်မှုတွင် 1989 တေးသီချင်း အယ်လ်ဘမ်ကို တင်ရန် ကမ်းလှမ်းမှုများကို ငြင်းဆန်ခဲ့ကြောင်း အေဂျင်စီက ပြောကြားသည်။

1989 တေးသီချင်းအယ်လ်ဘမ်သည် တေလာဆွဇ်၏ ပဉ္စမမြောက် တေးသီချင်းအယ်လ်ဘမ် ဖြစ်သည်။ 1989 တေးသီချင်း အယ်လ်ဘမ်သည် ပြီးခဲ့သည့် နှစ်အောက်တိုဘာလက ထွက်ရှိခဲ့သည့် အချိန်မှစ၍ အမေရိကန်ပြည်ထောင်စုတွင် အချပ်ရေ ၄ ဒသမ ၉ သန်းကျော် ရောင်းချနိုင်ခဲ့သည်။

Appleကုမ္ပဏီ၏ တေးသီချင်းဝန်ဆောင်မှုသည်  ကုမ္ပဏီအတွက်  ငွေပေးသွင်းကာ ကြည့်ရှုရသော အကြီးမားဆုံး တေးသီချင်း စာကြည့်တိုက်အဖြစ် ကူညီထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်းနှင့် တေးသီချင်းပိုင်ရှင်များကို တေးသီချင်းမှရရှိသည့် ဝင်ငွေ၏ ၇၀ရာခိုင်နှုန်းကို ပေးသွားမည်ဖြစ်ကြောင်း ကုမ္ပဏီက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly