မင်းသမီး ဒိုင်ယာနာ၏ဂါဝန်ကို အမေရိကန်ဒေါ်လာ ၃၀,၀၀၀ ဖြင့် စတင်လေလံတင် ရောင်းချမည်

မင်းသမီး ဒိုင်ယာနာ၏ဂါဝန်ကို အမေရိကန်ဒေါ်လာ ၃၀,၀၀၀ ဖြင့် စတင်လေလံတင် ရောင်းချမည်

ဒိုင်ယာနာမင်းသမီး ၏ ဂါဝန်ကို လော့စ်အိန်ဂျလိစ် လေလံကုမ္ပဏီ Juline’s Auctionsက အမေရိကန်ဒေါ်လာ ၃၀,၀၀၀ဖြင့် စတင်လေလံတင် ရောင်းချသွားမည်ဖြစ်ကြောင်း  People မဂ္ဂဇင်းတွင် ဖော်ပြထားသည်။

ကျွန်တော်တို့အနေဖြင့် နောက်ဆုံးဈေးနှုန်းကို တည်nငိမ်အောင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကုမ္ပဏီက ပြောကြားခဲ့ သည်။

အဆိုပါ ဂါဝန်သည်  အမြင်ဆုံးဈေး အမေရိကန်ဒေါ်လာ ၆၀ ၀၀၀မှ ၈၀ ၀၀၀အထိ ရှိလာနိုင်ကြောင်း သတင်းအရင်းမြစ်အချို့ က ပြောကြားသည်။

ပိုးသားဖြင့် ပြုလုပ်ထားသော အဆိုပါ စိမ်းပြာရောင် အသားကပ်ဂါဝန်သည် လည်ပိုင်းအဟိုက် ဖြစ်ကာ ရွှေကြယ်သီများဖြင့် အလှဆင်ထားသည့်အပြင် အပြာရောင်ဥဿဖရားကျောက်၊ မြစိမ်းရောင်နှင့် အဖြူရောင် ကျောက်ပုံစံ အပြောက်အမွန်းများဖြင့် ဒီဇိုင်းရေးဆွဲထားသော ဖန်ထည်များဖြင့် အလှဆင်ထားသည်။ အဆိုပါ ဂါဝန်သည် ဒီဇိုင်နာ Giannai Versaceက ပထမဆုံး အကြိမ် ရေးဆွဲချုပ်လုပ်ပေးခဲ့သည့် ဂါဝန်ဖြစ်သည်။

Harper’s Bazzar မဂ္ဂဇင်းက ဒိုင်ယာနာမင်းသမီး ကွယ်လွန်ပြီးနောက် သုံးလအကြာတွင် မင်းသမီးကို ဂုဏ်ပြုသောအားဖြင့် မဂ္ဂဇင်းမျက်နှာဖုံးတွင် အဆိုပါ ဂါဝန်ဝတ်ဆင်ထားသည့် မင်းသမီး၏ပုံကို ဖော်ပြခဲ့သည့် ၁၉၉၇ခုနှစ်က လူကြိုက် အများဆုံး ဂါဝန် ဖြစ်လာခဲ့သည်။

ယင်းနောက်ပိုင်းမှ စ၍ အဆိုပါ ပိုးထည်ဂါဝန်ကို Versace မော်ကွန်းတိုက်တွင် ၁၈နှစ်ကြာ ပြသထားခဲ့သည်။ အဆိုပါဂါဝန်ကို ဒိုင်ယာနာမင်းသမီး၏ မွေးနေ့ပြီးနောက် ငါးရက်အကြာ ဇွန် ၂၇ ရက်တွင် လေလံတင် ရောင်းချသွားမည်ဖြစ်ကြောင်းနှင့်  မင်းသမီး သက်ရှိထင်ရှားရှိပါက ယခုနှစ်သည် မင်းသမီး အသက် ၅၄ နှစ်ပြည့်မည့်နှစ် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly