Allureမဂ္ဂဇင်းအတွက် ဓာတ်ပုံများရိုက်ကူးခဲ့တဲ့ ကင်ဟာနူးလ်

Allureမဂ္ဂဇင်းအတွက် ဓာတ်ပုံများရိုက်ကူးခဲ့တဲ့ ကင်ဟာနူးလ်

ကေပေါ့ဟာရယ် (ဆိုးလ်)။ ။ တောင်ကိုရီးယား မင်းသမီး ကင်ဟာနူးလ်သည် မကြာသေးမီက Allure မဂ္ဂဇင်းအတွက် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်းနှင့် ဂျပန်နိုင်ငံ အိုကီနာဝါ ကျွန်းတွင် ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံရိုက်ကူးမှုအတွင်း ကင်ဟာနူးလ်က မကြာမီထုတ်လွှင့်ပြသမည့် ၎င်း ပါဝင်သရုပ်ဆောင်ထားသော   The Teacher ဇာတ်ကားအကြောင်းနှင့် စပ်လျဉ်း၍လည်း ပြောကြားခဲ့သည်။

“ဒီဇာတ်ကားဟာ အမျိုးသမီး တစ်ယောက်အကြောင်းကို ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကား တစ်ကားဖြစ်တယ်။ လူသားတို့ရဲ့ လိုအင်ဆန္ဒ၊ မနာလိုမှု၊ အထင်သေးမှုနဲ့ များစွာသောအကြောင်းကို ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်” ဟု ကင်ဟာနူးလ်က ပြောကြားသည်။

အဆိုပါ ဇာတ်ကားကို ဒါရိုက်တာ ကင်ထယ်ယောင်က ရိုက်ကူးခဲ့ခြင်ဖြစ်ပြီး ကင်ဟာနူးလ်က ယောက်င်္ကျားလေး
ကျောင်းတွင် ဆရာမ တစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ထားကြောင်းနှင့် ၂၀၁၆ ခုနှစ်တွင် ထုတ်လွှင့်သွားမည် ဖြစ်သည်။

ယခုနှစ်အတွက် ကင်ဟာနူးလ်သည် တရုတ်-ကိုရီးယားဇာတ်ကား Making Family ဇာတ်ကားတွင် ပထမဆုံးအကြိမ် ပါဝင်သရုပ်ဆောင်ခဲ့ကြောင်းနှင့် ယင်းဇာတ်ကားတွင် ကိုယ်ပိုင်မိသားစု ဘဝကို လိုချင်သော အမျိုးသမီး တစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ထားသည်။ Making Family ဇာတ်ကားတွင် ဟောင်ကောင် မင်းသား အာရစ်ဖ်ရက်ရှ်မန်လည်း ပါဝင်သရုပ်ဆောင်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly